ငှက်တော်

ငှက်တော်သည် လင်းမြီးဆွဲငှက်နှင့်အတူ ဒိုင်ကရိုရီဒေးမျိုးရင်းတွင် ပါဝင်သည်။ ငှက်တော်မျိုး အများပင် ရှိသည်။ သတ္တဗေဒ(ပါဏဗေဒ‎) အမည်ဖြင့် ဒိုင်ကရုရပ်ပါရာဒီဆီယပ်ရန်ဂွန်နစ်ဆစ် ဟုခေါ်သော ငှက်တော်ကို ငှက်တော်မြီးတော်ရှည်ဟူ၍ သိကြသည်။ ကျီးကန်းလင်းမြီးဆွဲငှက်တို့ကဲ့သို့ သပိတ်ရောင်အဆင်းရှိသည်။ ကိုယ်အလျား ၁၄ လက်မရှိ၍ ရှည်လျားသော အမြီးခွသည် ၁၃ လက်မအထိ ထိုးထွက်နေသည်။ ဤငှက်တော်သည် အသံအမျိုးမျိုးပြု၍ အော်တတ်သည်။ အခြားငှက်များ၏ အသံကိုလည်း အတုခိုး၍ အော်တတ်သည်။ ထိုငှက်၏အော်သံကို တစ်နေ့လုံး အဝေးကပင် ကြားနိုင်သည်။ ၆ ကောင်ခန့် အသင်းအပင်းဖွဲ့၍ နားနေရာမှ မကြာခဏ ထပျံ၍ ပိုးမွှားများကို ထိုးသုတ်တတ်ကြသည်။ ထိုနောက် နားနေရာသို့ တစ်ဖန်ပြန်လာတတ်ကြသည်။ မတ်လမှ မေလအတွင်းတွင် ငှက်တော်ကလေးများ ပေါက်ကြသည်။ အသိုက်ကို ပင်မြင့်ပေါ်၌ လုပ်တတ်သည်။ တစ်မြုံလျှင် ၃ ဥမှ ၄ ဥ အထိ ရှိသည်။ မှာ ရှည်မျောမျော ခပ်ချွန်ချွန်ဖြစ်သည်။ ဥအရောင်မှာ အဖြူအောက်ခံပေါ်တွင် အနီ၊ အညို၊ ခရမ်းရောင်အပြောက်အစက်များ ရှိသည်။ ဤငှက်တော်မျိုးကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့ရသည်။ မြန်မာနိုင်ငံ ပဲခူးရိုးမတောင်ရှိ ကျွန်းတောများ တွင် အမြင်ရများသည်။ တောင်ခြေရှိ သစ်တောများတွင် နေလေ့ရှိသည်။ ပေ ၃ဝဝဝ ထက်မြင့်သော အရပ်ဒေသတွင် မနေကြချေ။[9]

ငှက်တော်
Juvenile bird in Calcutta with some brown and white feathers. Note the white rictal spot at the base of the beak.
သဘာဝထိန်းသိမ်းခြင်း အခြေအနေ

Least Concern  (IUCN 3.1)[1]
မျိုးရိုးခွဲခြားခြင်း
လောက:
တိရစ္ဆာန်
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
ငှက်
မျိုးစဉ်:
Passeriformes
မျိုးရင်း:
ဒိုင်ကရိုရီဒေး
မျိုးစု:
Dicrurus
မျိုးစိတ်:
D. macrocercus
ဒွိနာမ
Dicrurus macrocercus
(Vieillot, 1817)
Subspecies

D. m. macrocercus (Vieillot, 1817)[2]
D. m. albirictus (Hodgson, 1836)[3]
D. m. minor Blyth, 1850[4]
D. m. cathoecus Swinhoe, 1871[5]
D. m. thai Kloss, 1921[6]
D. m. javanus Kloss, 1921[6]
D. m. harterti Baker, 1918[7]

Synonyms

Buchanga atra
Bhuchanga albirictus[8]

ကိုးကား

  1. BirdLife International (2008). Dicrurus macrocercus. In: IUCN 2008. IUCN Red List of Threatened Species. Retrieved 2 March 2009.
  2. Vieillot, Louis Jean Pierre (1817). "{{{title}}}". Nouveau Dictionnaire d'Histoire Naturelle Appliquée aux Arts 9: 588.
  3. Hodgson, Brian Houghton (1836). "{{{title}}}". The India Review and Journal of Foreign Science and the Arts 1 (8): 326.
  4. Blyth, Edward (1850). "{{{title}}}". The Journal of the Asiatic Society of Bengal 19: 255.
  5. Swinhoe, Robert (1871). "{{{title}}}". Proceedings of the Scientific Meetings of the Zoological Society of London for the Year 2: 377.
  6. Kloss, Cecil Boden (1921). "{{{title}}}". Journal of the Federated Malay States Museums 10 pt. 3: 208.
  7. Baker, Edward Charles Stuart (1918). "{{{title}}}". Novitates Zoologicae 25: 299.
  8. Neave, Sheffield A., ed. (1939)။ Nomenclator Zoologicus; a List of the Names of Genera and Subgenera in Zoology from the Tenth Edition of Linnaeus, 1758, to the End of 1935 (with supplements). Volume 1။ Zoological Society of London, London။ p. 425။
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.