စပ်လဲရွာ

စပ်လဲရွာသည် ကျောက်ကြီးမြို့မှ အရှေ့တောင်ဘက် ၁ မိုင် ၄ ဖာလုံဝယ် တည်ရှိကာ၊ အိမ်ခြေ ၉၇ အိမ် ရှိသည့်၊ တရွာတည်းသော ကျောက်ပုံတောင်ကျေးရွာအုပ်စုဝင် ကျေးရွာ ဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်သည့်အလျောက် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် ရှိခိုးကျောင်း ၁ ကျောင်း ရှိသည်။ ရွာဝယ် လူဦးရေ ၅၀၀ ကျော် နေထိုင်သည်။[1]

ပညာရေး

ယိုယွင်းပျက်စီးနေသော မူလတန်းကျောင်းနှင့်၊ သာသနာမူကြိုကျောင်းလည်း ရှိသည်။ ထို့ကြောင့် ကျောင်းမနေရသူ များသည်။ [1]

လမ်းပန်း

ရွာတွင်းလမ်းမှာ မြေသားလမ်း ဖြစ်ပြီး၊ ကျောက်ကြီးသို့ သွားသော လမ်းမှာ ဂဝံကျောက်တဝက် ကတ္တရာတဝက် ဖြစ်သည်။ ဆေးပေးခန်းမရှိသဖြင့် ကျောက်ကြီးမြို့သို့ သွားရောက် ကုသရသည်။ [1] သင်္ကြန်နှင့် သီတင်းကျွတ်ကာလတွင် စပ်လဲရေတံခွန်၌ လာရောက်အပန်းဖြေသူများ စည်ကားသည်။

စီးပွားရေး

လယ်၊ ယာ၊ ဥယျာဉ်နှင့် ကျပန်းလုပ်ကိုင်ကြပြီး၊ အလုပ်အကိုင် ပါးရှားသဖြင့် ကျပန်းလုပ်ကိုင်သူ ပေါများသည်။ [1]

နယုန်ဝါဆိုဝါခေါင်ဝယ် စပါးပျိုးကြဲခြင်း၊ မိုးပဲ စိုက်ပျိုးခြင်း လုပ်ကိုင်ပြီး၊ တော်သလင်းသီတင်းကျွတ်တန်ဆောင်မုန်းတွင် သီးနှံများ ရိတ်သိမ်းသည်။ တပို့တွဲတပေါင်းတွင် ဥယျာဉ်ခြံ ပေါင်းရှင်းပြီး၊ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လများ၌ ဥယျာဉ်ခြံ စိုက်ကြသည်။ ဒူးရင်းသီးတညင်းသီး၊ ကွမ်းသီး အစိုက်များသည်။ ဆောင်းရာသီမှာ မိုးပဲကို ရိတ်သိမ်းပြီး၊ ဆောင်းပဲကို ပြန်စိုက်သည်။ [1]

ကိုးကား

  1. ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောက်ကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်း National Community Driven Development Project (NCDDP) ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် Village Development Plan (VDP) ကျောက်ပုံတောင်ကျေးရွာအုပ်စု၊ စပ်လဲကျေးရွာ၊ မတ်လ ၂၀၁၆
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.