စာရာမေတိတောင်
စာရာမေတိတောင်သည် မြောက်လတ္တီတွဒ် ၂၆° ၄၄' နှင့် အရှေ့လောင်ဂျီတွဒ် ၉၅° ဝ၂' အကြား မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း အာသံ-မြန်မာနယ်စပ်အနီး နာဂတောင်တန်းတွင် တည်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဆင်ဂလိန်း ခန္တီးမြို့ အနောက်တောင်ယွန်းယွန်း မိုင် ၁၃ဝ ကွာဝေးသည်။ အမြင့်ပေ ၁၂,၆၂၂ ရှိပြီး ဆောင်းအခါ ဆီးနှင်းများ ဖုံးလွှမ်းသည်။ အာသံနှင့် မြန်မာနိုင်ငံ နယ်နိမိတ်အဖြစ်လည်း ပိုင်းခြားထားသည်။ စာရာမေတိတောင်ကြော တစ်လျောက်၌ နာဂလူမျိုးများ နေထိုင်ကြသည်။
စာရာမေတိတောင် | |
---|---|
စာရာမေတိတောင် အိန္ဒိယနိုင်ငံနယ်စပ်ရှိ စာရာမေတိတောင် | |
အမြင့်ဆုံးအမှတ် | |
အမြင့် | ၃,၈၂၆ m (၁၂,၅၅၂ ft) [1] |
ပေါ်လွင်မှု | ၂,၈၈၅ m (၉,၄၆၅ ft) [1] အဆင့် ၁၁၃ |
Isolation | ၂၇၀ ကီလိုမီတာ (၁၇၀ မိုင်) |
စာရင်းသွင်းခြင်း | Ultra prominent peak |
ကိုဩဒိနိတ် | 25°44′24″N 95°2′15″E [1] |
ပထဝီဝင် | |
တည်နေရာ | မြန်မာ–အိန္ဒိယ နယ်စပ် |
ပင်မတောင်တန်း | နာဂတောင်တန်း[2] |
တောင်တက်ခြင်း | |
ပထမဆုံး တက်ရောက်ခြင်း | မသိရှိရ |
၁၉၅၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ယေးတက္ကသိုလ်၊ ပေဗိုဒီပြတိုက်မှ သားငှက်တိရိစ္ဆာန် လေ့လာရေးအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ သစ်တောဌာနမှ အရာရှိများ စာရာမေတိ တောင်ထိပ်သို့ တက်ခဲ့ကြသည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်မှူးကြီး လှအောင် အမှူးပြုသော မြေတိုင်းအဖွဲ့ဝင်များသည် အာသံ-မြန်မာနယ်နိမိတ် ကျောက်တိုင် အမှတ် ၁၃၈ ကို စာရာမေတိတောင်ပေါ်၌ စိုက်ထူခဲ့သည်။
စာရာမေတိ တောင်ကြောတစ်လျှောက်၌ ရိုဒိုဒင်ဒရမ်ခေါ် တောင်ဇလပ်၊ ထင်ရူး၊ ကျောက်ထင်းရူး၊ သစ်မင်း၊ ဝက်သစ်ချ၊ ပရီမြူလာ၊ လီလီနှင့် ဝဥပင်အမျိုးမျိုး တွေ့ရသည်။ တစ်ချိန်က စာရာမေတိတောင်ကြော တစ်လျှောက်၌ ကြံ့များ အများအပြား တွေ့ကြရသော်လည်း ယခုအခါတွင်မူ ကြံ့အနည်းငယ်သာ တွေ့ရှိနိုင်တော့သည်။ ကတိုးကောင်နှင့် တောင်ဆိပ်များပေါသည်။ [3]
ကိုးကား
- Burma and Eastern India - 19 Mountain Summits with Prominence of 1,500 meters or greater။ Peaklist.org။ 2011-12-29 တွင် ပြန်စစ်ပြီး။
- The story behind apple revolution in Nagaland
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)