စိန့်တိုင်း

တချို့မြန်မာတွေ့ တရုတ်နိုင်ငံကို ဂန္ဓာလရာဇ် လို့လည်း ခေါ်ကြတယ်။ စိန့်တိုင်း လို့ လည်းခေါ်တယ်။ စိန့်တိုင်းဆိုတာ စိနရဌ ဆိုတဲ့ စကားလုံးက ဆင်းသက်တယ်။ အခုထိ စွဲစွဲမြဲမြဲခေါ်ကြတာကတော့ တရုတ်လို့ပဲ ခေါ်ကြတယ်။ ဥရောပကတော့ တရုတ်ကို ချိုင်းနား  လို့ ခေါ်တယ်။ ချိုင်းနားလို့ ခေါ်တာ စိန (စိန့်) လို့ ခေါ်တာနဲ့ အတူတူပဲ။ ချိုင်းနား ဆိုတာကို ချင်မင်းဆက် (ဘီစီ ၂၂၁ - ဘီစီ ၂၀၇) ကတည်းက ဖြစ်တယ်။ တရုတ်တွေက သူတို့ နိုင်ငံကို သူတို့ မဇ္ဈိမဒေသ လို့ အဓိပ္ပာယ်ထွက်တဲ့ တရုတ်စကား လုံးတစ်ခုနဲ့ ခေါ်တယ်။ စာ - ၄၂၀ / မြန်မာ့ စွယ်စုံကျမ်း အတွဲ (၄)

သမိုင်းသုတေသနသမားတို့က မြစ်ဝါမြစ်ဝှမ်းလွင်ပြင်ဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက နေထိုင်လာကြတယ်လို့ ယူဆကြတယ်။ ဒါပေမယ့် တရုတ်တွေရဲ့ မော်ကွန်းတင် သမိုင်းမှာကျတော့ ဘီစီ ၂၀၀ လောက်က စတယ်လို့ တွေ့ရပြန်တယ်။ တရုတ်တွေရဲ့ အစဟာ မြစ်ဝါမြစ်ဝှမ်းလွင်ပြင်လို့ ဆိုလို့ရတယ်။ ဒါပေမယ့် တရုတ်လူမျိုး တွေ ဘယ်လို ဘယ်ပုံ ဖြစ်လာတယ်၊ ဘယ်လို စတင်နေထိုင်ကြသလဲဆိုတာကိုတော့ သမိုင်းအထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရပါဘူး။ ခေတ်ဟောင်းသမိုင်းမှာ တရုတ် တွေနေတဲ့ဒေသတွေဆီ အခြား ဘယ်လူမျိုးကမှ ကျူးကျော်နေထိုင်တယ်ဆိုတာလည်း အထင်အရှား မတွေ့ရပါဘူး။

တရုတ်လူမျိုးတွေရဲ့မူလ အစဆိုတဲ့ ကောက်ချက်အတွက် အရေးကြီးတဲ့ အထောက် အထား တစ်ခု ရှိတယ်။ တရုတ်ပြည် မြောက်ပိုင်း အော်ဒိုစ်  ဒေသမှာ ချောင်းသာသာ မြစ်ငယ် အိုင်ငယ်တွေ ရှိတယ်။ အဲ့ဒီမှာ ရှေးဟောင်း အမဲလိုက် လက်နက်တွေတွေ့ရ တယ်။ ဒီသမိုင်းပစ္စည်းတွေအရ ဘီစီ ၅၀,၀၀၀ လောက်က ပေါ်ခဲ့တဲ့ ကျောက်ကြမ်း ခေတ် ကတည်းက တရုတ်မျိုးနွယ်စုတွေ ရှိနေပြီလို့ ယူဆရတယ်။

အဲ့ဒီကျောက်ခေတ်က လူတွေဟာ တရုတ်ပြည်မြောက်ပိုင်း မွန်ဂိုလီးယားနယ်နဲ့ မန်ချူး ရီးယားနယ်တွေမှာ နေထိုင်တယ်လို့ ယူဆရတယ်။ ဒီလူတွေဟာလည်း ဥရောပအလယ် ပိုင်းက လူမျိုးစုတွေကနေ ဆင်းသက်တယ်လို့ ယူဆရတဲ့ အထောက်အထားတွေတော့ မတွေ့ရဘူး။ ပြောချင်တာက ဥရောပနဲ့ တရုတ်တွေဟာ အဆက်အစပ် မရှိဘူး။ လူတွေ ရဲ့ ပုံသဏ္ဌာန်တွေကအစ ဥရောပတွေနဲ့ တရုတ်တွေ မတူကြဘူး။ တရုတ်မှာ ဘီစီ ၂၅,၀၀၀ လောက်က မွန်ဂိုလီးယားမဟုတ်ဘူးလို့ယူဆရတဲ့ လူအရိုးတွေ တွေ့ဖူးပါ တယ်။ ဒီလူအရိုးတွေဟာ ကိုရီးယားနဲ့ဂျပန်ကျွန်းမြောက်ပိုင်းမှာ အခုထိနေထိုင်စေဆဲ ဖြစ်တဲ့ အိုင်နု  လူမျိုးတွေနဲ့ နီးစပ်တယ်။ ဒါပေမယ့် ဒါကိုလည်း ဘယ်သူမှာ ခြေခြေမြစ် မြစ် ပြောနိုင်တဲ့ အနေအထား မရှိကြဘူး။

သမိုင်းအစ

ရောမခေတ် မတိုင်မီ နှစ်ပေါင်း ၁၅၀၀၊ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၂၁၀၀ လောက် ကတည်းက တရုတ်မှာ ခိုင်မာတဲ့ လူနေမှု စနစ်ရှိခဲ့တယ်။ ဘီစီ ၇၀၀ မတိုင်မီကာလက အဖြစ်အပျက်တွေကို အသေအချာ မသိရပေမယ့် ဘီစီ ၇၀၀ ကစပြီး တရုတ်ပြည် အကြောင်းကို အသေအချာ သိနိုင်တဲ့ အထောက်အထားတွေ တွေ့ခဲ့တယ်။

ဘီစီ ၂၅၀၀ လောက်က တရုတ်မှာ တရုတ်လူမျိုးတွေနဲ့ ပက်သက်တဲ့ ကျောက်ကြမ်း ခေတ် ကျောက်ချောခေတ် အထောက်အထားတွေကို တွေ့ရတယ်။ တွေ့ရတဲ့ ဒေသ တွေက ဟိုပေ ၊ ရှန်တန်  နှင့် မန်ချူးရီးယားတောင်ပိုင်းတွေမှာ တွေ့ရတယ်။ နောက် ပိုင်း မွန်ဂိုလီးယားအတွင်းပိုင်း ဂျေဟိုး  ဒေသမှာလည်း တွေ့ရတယ်။ တရုတ်ပြည် မြောက်ပိုင်း ရှန်ဆီ  နဲ့ ကန်စု  ဒေသတို့မှာလည်း တွေ့ရတယ်။ အနောက်ဘက် တောင်ကုန်းဒေသတွေ နဲ့ တရုတ်ပြည် တောင်ပိုင်းဒေသတွေဖြစ်တဲ့ လီယို  ၊ ယို  ၊ တိုင်  ၊ ယူအိ  စတဲ့ ဒေသတွေမှာလည်း တွေ့ရတယ်။

တရုတ်လို့ပြောရင် သူတို့ရဲ့ အဦးအစဟာ မြစ်ဝါမြစ်က စတယ်။ မြစ်ဝါမြစ်က တရုတ် တွေရဲ့ ပင်မရေသောက်မြစ်လို့ပြောလို့ရမယ်။ ဘယ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုပဲ ကြည့်ကြည့် မြစ်တွေ၊ ချောင်းတွေတဲ့ နီးတဲ့နေရာတွေမှာ ယဉ်ကျေးမှုတွေ ထွန်းကား စည်ပင်တဲ့ သဘောရှိတယ်။ မြစ်ဝါမြစ်ဟာ ရေစီးကြမ်းတယ်။ မိုးကြီးရင် ရေလွှမ်းတယ်။ ရေလွှမ်းပြီးရင် နှုံးအနယ်အနှစ်တွေ ကျန်ခဲ့တယ်။ အဲ့ဒီလို နှုံးတွေ ကျန်ခဲ့တဲ့မြေဟာ စိုက်ပျိုးမြေအတွက် သိပ်ကောင်းတဲ့ မြေဖြစ်တယ်။

တရုတ်တွေဟာ မြစ်ဝါမြစ်ကို အမှီပြုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို တွင်တွင်ကျယ်ကျယ် လုပ်လာကြတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးဖြစ်ထွန်းလာတာနဲ့အမျှ လူမျိုးရဲ့ယဉ်ကျေးမှု အဆင့်အတန်းမြင်လာတယ်။ ကျယ်ပြန့်လာတယ်။ အဲ့ဒီ့ခေတ် ယဉ်ကျေးမှုကို လန်ရှန်  လို့ခေါ်တယ်။ ဒီယဉ်ကျေးမှုကနေ ဆက်စပ်ပြီး ဖြစ်လာတဲ့ မျိုးနွယ်တွေဟာ တရုတ် သမိုင်းရဲ့ ပထမ နန်းဆက် ဖြစ်လာတယ်။

အုပ်ချုပ်ရေး သဘော

တရုတ်လူ့အဖွဲ့အစည်းဟာ မိသားစုအပေါ်မှာ အခြေပြုတယ်။ တရုတ် တွေးခေါ်ရှင် ကွန်ဖြူးရှပ်ရဲ့ စကားကို ကြည့်ရင် ဒီအချက်ကို မီးမောင်းထိုးပြတာနဲ့ အတူတူပါပဲ။ ကွန်ဖြူးရှပ်က ပြောတယ်။ “မိသားစုဆိုတာ နိုင်ငံတော်ရဲ့ အခြေခံယူနစ်ပဲ”  တဲ့။ ဒီလို ပဲ တရုတ် လူ့အဖွဲ့အစည်းမှာ မိဘရဲ့ဩဇာကို နာခံရတဲ့ လူ့အဖွဲ့အစည်းပုံစံက စခဲ့ တယ်လို့ ပြောလို့ရမယ်။ ကိုယ့်ဒေသ၊ ကိုယ့်ဓလေ့ ထုံးစံကို လိုက်နာကျင့်သုံးကြတဲ့ သဘောကို တွေ့ရတယ်။

တရုတ်ဘုရင်တွေရဲ့ အုပ်ချုပ်ပုံက အိန္ဒိယရဲ့ ဟိန္ဒူမင်းတွေရဲ့ အုပ်ချုပ်ပုံနဲ့ ဆင်တယ်။ အိန္ဒိယရဲ့ ရှေးအကျဆုံး လူမျိုးက ဟိန္ဒူတွေပဲ။ ဟိန္ဒူဆိုတာ အိန္ဒုမြစ်ဝှမ်းလွင်ပြင်မှာ အခြေချနေထိုင်တဲ့ လူမျိုးတွေ။ ဒီကနေ တစ်ဆင့် အိန္ဒိယဆိုတာ ဖြစ်လာတာ။ တရုတ် တွေဟာ အိန္ဒိယသမိုင်းယဉ်ကျေးမှုတွေနဲ့ ယှဉ်တွဲနေတယ်လို့တော့ ယူဆလို့ရတယ်။ နယ်မြေချင်းလည်း ဆက်စပ်လို့ ဖြစ်မယ်။

တရုတ်ဘုရင်တွေရဲ့ အုပ်ချုပ်ပုံက ဘာသာရေးနဲ့ နိုင်ငံရေးကို တစ်သီးခြားစီ ထားတယ်။ တရုတ်ဘုရင်ဆိုတာ၊ ဘုရားလည်း မဟုတ်ဘူး။ ဘုရားရဲ့ ကိုယ်စားလှယ်လည်း မဟုတ် ဘူး။ ဘုရားရဲ့ သားတော်လည်း မဟုတ်ဘူး။

တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ဆောင် ရွက်ဖို့ တာဝန်ပေးထားခံရသူသာ ဖြစ်တယ်လို့ ဆိုတယ်။

ဒါ့ကြောင့် ရှေးဟောင်း အိန္ဒိယနိုင်ငံရဲ့ အုပ်ချုပ်ပုံ မျိုးနဲ့ တူတယ်လို့ ပြောတာ ဖြစ်ပါတယ်။

နယ်မြေ

တရုတ်ပြည်က၊ ဗြိတိန်ထက် အဆ ၄၀ ကျယ်တဲ့ နယ်မြေရှိတယ်။ တရုတ်ပြည်ရဲ့ အနောက်ပိုင်းမှာ၊ တောင်တန်းနဲ့ သဲကန္တာရတွေ နယ်မြေတွေရှိတယ်။ တရုတ်ပြည်ရဲ့ အရှေ့ပိုင်းက၊ မြစ်ဝှမ်းဒေသတွေဖြစ်တယ်။ မြေပြန့်တွေများတယ်။ အရှေ့ပိုင်း မြေပြန့် မြစ်ဝှမ်းတွေမှာ တရုတ်တွေ အများ ဆုံးနေထိုင်တယ်။ တရုတ်မှာ၊ မြေပြန့်နဲ့ မြစ်ဝှမ်းတွေ က သိပ်အရေးပါတယ်။ မြစ်ဝါမြစ်ဝှမ်းလွင်ပြင်က သမိုင်းမှာ အရေးပါတဲ့ မြစ်ကြီးဖြစ် တယ်။ မြစ်ဝါ မြစ်ဝှမ်းကို မူတည်ပြီး တရုတ် ယဉ်ကျေးမှုတွေ ထွန်းကားဖြစ်တည်လာ တယ်လို့တောင် ပြောလို့ရတယ်။ မြစ်ဝါမြစ်ဝှမ်းက၊ ရှေ့ပိုင်း တရုတ်ဧကရာဇ်တို့ရဲ့ ဗဟို အချက်အချာဌာနဖြစ်တယ်။ ယန်စီမြစ်က၊ ကီလိုမီတာ ၁၈၀၀ သွားလာနိုင်တယ်။ ပင်လယ်နဲ့ တရုတ်အလယ်ပိုင်းဒေသတွေကို ယန်စီမြစ်က ဆက်သွယ်ပေးတယ်။

လူဦးရေ

တရုတ်ပြည်ရဲ့ လူဦးရေ ၉၄ ရာခိုင်နှုန်းက တရုတ်ဖြစ်တယ်။ မွန်ဂိုလီးယားနဲ့တိဗက်တွေ၊ အခြားလူနည်းစုတွေက တောင်တန်းဒေသတွေမှာနေကြတယ်။ တရုတ်ရဲ့ စုစုပေါင်း လူဦးရေက ကမ္ဘာ့လူဦးရေရဲ့လေးပုံ တစ်ပုံရှိတယ်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.