စိုးမြတ်နန္ဒာ

စိုးမြတ်နန္ဒာ (၁၅ ဒီဇင်ဘာ ၁၉၇၉ မွေးဖွား) သည် မြန်မာ အမျိုးသမီး သရုပ်ဆောင် ဖြစ်သည်။

ငယ်ဘဝ

၁၉၇၉ ခု၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဗိုလ်မှူး စိုးမြင့်၊ ဒေါ်ကြည်ကြည်ခင်တို့မှ မွေးသည်။ မွေးချင်း ၄ ယောက်အနက် တတိယမြောက် ဖြစ်သည်။ ညီအစ်မများဖြစ်သည့် စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ တို့သည်လည်းကောင်း၊ တူမများဖြစ်သည့် စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင် တို့သည်လည်းကောင်း အနုပညာသည်များ ဖြစ်သည်။ ငယ်အမည်မှာ ဒါဒါ ဖြစ်သည်။

အထက်တန်းကို အထက (၂) ဗဟန်း တွင် တက်သည်။

အနုပညာ လှုပ်ရှားမှု

ကျော်ဟိန်း၊ နေဆန်း ပါဝင်သော ကံကောင်းလို့ ဗီဒီယိုတွင် ပါဝင်ကာ အနုပညာနယ်သို့ ရောက်လာသည်။ ချစ်လိုက်တော့ ဝမ်းတူးသရီး မှာ ပထမဆုံး ရုံတင်ဇာတ်ကား ဖြစ်သည်။

ပါဝင်သော ဇာတ်ကားများ

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ ဇာတ်ကောင်နေရာ မှတ်ချက်
ချစ်လိုက်တော့ ဝမ်းတူးသရီး ၁၉၉၇
နှောင်ထုံးဖွဲ့ မေတ္တာ ၁၉၉၉
အချစ်ဖြတ်သန်းရာ ဒေသ ၂၀၀၁
ပုံလာလာ ပြောတိုင်းယုံ ၂၀၀၁
ရင်ထဲမှာ ဘာညာဘာညာ ၂၀၀၁
ဆေးပေါင်းခတဲ့ ည ၂၀၀၁
အချစ်ကို မွေးဖွားခြင်း ၂၀၀၁ အမျိုးသမီး ဇာတ်ပို့ဆု
ပုဏ္ဏားဘကွန်း ၂၀၀၂
ဒဏ်ရာများနဲ့ အချစ် ၂၀၀၂
ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင် ၂၀၀၂
စပျစ်ချိုနှင့် ချယ်ရီဝိုင် ၂၀၀၂ စံမမှီ
ငှက်ကလေးရဲ့ ဒဏ္ဍာရီ ၂၀၀၃
ညွှန်းစာဖွဲ့လို့ မမှီ ၂၀၀၃
ပေါက်ပေါက်မြောက်မြောက် ၂၀၀၄
စတိုင် ၂၀၀၄
အပြောင်းအလဲ ၂၀၀၄
ပန်းဒဏ္ဍာရီ ၂၀၀၄
ချစ်ခြင်းငယ် ပြိုင် ၂၀၀၄ အမျိုးသမီး ဇာတ်ပို့ဆု
လျှို့ဝှက်သော နှင်း ၂၀၀၄
သုံးသုံးလီ ချစ် ၂၀၀၅
ကျန်စစ်မင်း ၂၀၀၅ မိဖုရား သမ္ဗူလ
ပျော်လိုက်ရအောင် ၂၀၀၅
ဆဋ္ဌဂံ ၂၀၀၅
မျှော်လင့်ခြင်းများစွာ ၂၀၀၅
ရွှေမိုးသည်း ၂၀၀၅
အမည်မဖော်လိုသူ အချစ် ၂၀၀၈
လာထား အာဘွား ၂၀၁၁
ချစ်တယ်ပြောမှ လွှတ်မယ် ၂၀၁၂
၂၀၁၂
သေးသေးလေးပဲလား ကြီးကြီးလား ၂၀၁၃
ရုံးပတီသီးလေးများ ၂၀၁၆

မိသားစုဘဝ

အဆိုတော် ဖြိုးကြီးနှင့် လက်ထပ်ရာ သားတစ်ယောက်ရသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.