စောဘဦးကြီး

စောဘဦးကြီး (၁၉၀၅ - ၁၉၅၀) သည် ကရင် အမျိုးသား အစည်းအရုံး ၏ ပထမဆုံး ခေါင်းဆောင်ဖြစ်သည်။ ကရင်တော်လှန်ရေးဖခင်ကြီးအဖြစ် လူသိများသည်။ အင်္ဂလန်မှ ဥပဒေပညာနှင့် ဘွဲ့ရခဲ့ပြီး ဩဇာအရှိဆုံး ကရင်တော်လှန်ရေးခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်း ခံရသည်။

စောဘဦးကြီး
ကရင် အမျိုးသား အစည်းအရုံး၏ ပထမဆုံး ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉၄၅  ၁၉၅၀
Premierဒေါက်တာဘမော်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး
တာဝန်သက်တမ်း
ဖေဖော်ဝါရီ ၁၉၄၇  ဧပြီ ၁၉၄၇
ဗြိတိသျှဘားမား ဘဏ္ဍာရေးဝန်ကြီး
တာဝန်သက်တမ်း
၁၉၃၇  ၁၉၃၉
ကိုယ်ရေး အချက်အလက်များ
မွေးဖွား1905 (1905)
ပုသိမ်မြို့ဗြိတိသျှဘားမား
ကွယ်လွန်၁၂ ဩဂုတ် ၁၉၅၀ (အသက် ၄၄)
ကော့ကရိတ်မြို့အနီး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား၊ ဥပဒေပညာရှင်
စောဘဦးကြီး
တစ်နှစ်အတွင်း ငြိမ်းချမ်းရေး အတွက် ဦးနှ နှင့် ဆွေးနွေးစဉ်က

ဘိလပ်ပြန် ဝတ်လုံတော်ရ စောဘဦးကြီးသည် ထင်ရှားသော မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ဂျပန် ခေတ်ကပင် နိုင်ငံရေး လောကတွင် ရှိနေပြီး ကရင်-ဗမာ သွေးစည်းရေးကို ဆောင်ရွက်ခဲ့၏။ အင်္ဂလိပ် ပြန်ဝင်လာသောအခါ ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့ ဝန်ကြီး ဖြစ်ခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး ပေးအံ့ဆဲ အခါတွင်မူ ကရင်ပြည်နယ် သီးခြား ရရှိရေးအတွက် အင်္ဂလန်သို့ သွားကာ အရေးဆိုခဲ့သည်။ အင်္ဂလိပ်တို့က လိုက်လျောခြင်း မပြုသဖြင့် ဦးအောင်ဆန်း၊ ဦးနုတို့နှင့် စေ့စပ် ဆွေးနွေးကာ ကရင်လူမျိုးစု ပြည်နယ် ရရှိရေးကို အားထုတ်ခဲ့သည်။ ကရင်အမျိုးသား အဖွဲ့ချုပ်ကို ဦးဆောင်ကာ ကရင်အမျိုးသားတို့၏ အခွင့်အရေးကို တွေ့ဆုံဆွေးနွေးပြီး အရေးဆိုနေရာက မပြေလည်သောကြောင့် လက်နက်စွဲကိုင် ခြားနားခဲ့သူ ဖြစ်သည်။ ၁၉၀၅ တွင် မွေးဖွားပြီး ၁၉၅၀ ဩဂုတ် (၁၂ တွင် ကော့ကရိတ် ထို့ကိုကိုးတွင် ဗိုလ်[စိန်လွင်] ဦးဆောင်သည့် မြန်မာ့တပ်မတော်နှင့်ဖြစ်ပွားသောတိုက်ပွဲ၌ အသေဖမ်းဆီးခြင်းခံခဲ့ရသည်။

ကရင်တို့သည် စောဘဦးကြီး၏ မူလေးချက်ကို ကရင်တော်လှန်ရေး မူလေးချက်အဖြစ် သတ်မှတ်သုံးစွဲကြသည်။

  1. လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ။
  2. ကရင့်လက်နက် ကရင်လက်ထဲတွင်ရှိရမည်။
  3. ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်။
  4. ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.