စောဘွဲ့မှူး

စောဘွဲ့မှူး (၁၉ အောက်တိုဘာ ၁၉၅၂–၂၄ ဇူလိုင် ၁၉၉၄) သည် လိဒ်ဂစ်တာသမား တစ်ဦး ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရှိ Iron Cross (အိုင်းရင်းခရော့စ်) တီးဝိုင်းကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။ သူသည် သီချင်းရေးဆရာတစ်ယောက်အဖြစ်လည်း ရပ်တည်ခဲ့သည်။ စောဘွဲ့မှူး သည် တိုင်းရင်းသား ကရင်ခရစ်ယာန်ဖြစ်ခဲ့သည်။[1] အဆိုတော် ကိုင်ဇာ ၏ ကျော်ကြားသောသီချင်းများကို ရေးခဲ့သူမှာ စောဘွဲ့မှူး ဖြစ်သည်။ သူသည် အိုင်းရင်းခရော့စ်တီးဝိုင်း၏ လိဒ်ဂစ်တာသမား ချစ်စမ်းမောင် ၏ ဆရာ လည်း ဖြစ်ခဲ့သည်။

စောဘွဲ့မှူး
မွေးဖွား၁၉ အောက်တိုဘာ ၁၉၅၂
မြန်မာနိုင်ငံ
ကွယ်လွန်၂၄ ဇူလိုင်၊ ၁၉၉၄(1994-07-24) (အသက် ၄၁)
ဂီတဟန်ရော့ခ်ဂီတ
အလုပ်အကိုင်ဂီတပညာရှင်
တူရိယာဂစ်တာ
ပူးတွဲ ပါဝင်မှုIron Cross

စောဘွဲ့မှူးသည် ၁၉၉၄-ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့တွင် ကွယ်လွန်သည်။ စောဘွဲ့မှူး သည် နာမည်ကျော် အဆိုတော် ကဗျာဘွဲ့မှူး နှင့် မီးမီးခဲ တို့၏ ဖခင်ဖြစ်သည်။[2]

ကိုးကား

  1. From Rock to Romance
  2. Naing Zaw (Lazy Club) – Saw Bwe Hmu | MoeMaKa Burmese News & Media 24 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2018 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.