ချစ်စမ်းမောင်

ချစ်စမ်းမောင်သည် မြန်မာနိုင်ငံရှိ Iron Crossတီးဝိုင်းတွင် လိဒ်ဂစ်တာသမား တစ်ဦးဖြစ်သည်။ ချစ်စမ်းမောင်သည် ဟင်္သာတမြို့နယ်၊ ဓမ္ဘီတိုက် ၊ နွယ်ခွေရွာနေ အဖဦးယူစီ နှင့် အမိဒေါ်အေးကြည်တို့မှ မွေးဖွားခဲ့သည်။

ချစ်စမ်းမောင် (ဘောလုံးသမား) နှင့် မရောထွေးပါနှင့်။
ချစ်စမ်းမောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားနွယ်ခွေရွာ၊ ဓမ္ဘီတိုက်၊ ဟင်္သာတမြို့နယ်
အလုပ်အကိုင်ဂီတပညာရှင်
တူရိယာလိဒ်ဂစ်တာ
ပူးတွဲ ပါဝင်မှုIron Cross

ငယ်ဘဝ

အသက် ၄ နှစ်ကျော် အရွယ် ကပင် စတင်၍ ဂစ်တာ တီးခဲ့ပြီး ယခုအချိန်ထိ လိဒ်ဂစ်တာကိုသာ တစိုက်မတ်မတ် တီးခတ်သူ ဖြစ်သည်။ ငယ်စဉ်က ဘုရားကျောင်းတက်ရင်း ဂစ်တာကို စတင်တီးခတ်ခဲ့သူ ဖြစ်သည်။ ရန်ကုန်မြို့သို့ ရောက်ရှိလာကာ အစ်မဖြစ်သူအိမ်တွင် နေထိုင်ရင်း (MYC) ဘုရားကျောင်းတွင် ဆရာစောဘွဲ့မှူးနှင့် တွေ့ခဲ့သည်။ အများဆုံးတီးဖြစ်ခဲ့သော စတီဒီယိုမှာ လင်းစတူဒီယို ဖြစ်သည်။ ပထမဆုံး ချစ်စမ်းမောင်ဟု အသိအမှတ်ပြုခြင်းခံခဲ့သည်မှာ စိုးလွင်လွင် သီဆိုသော မာနမျက်နှာ သီချင်း (Solo) တွင် ဖြစ်သည်။

တကိုယ်တော် လက်စွမ်းပြ ဆိုလိုစီးရီးအဖြစ် ခြောက်ကြိုးကဝေ အမည်ရှိ စီးရီးကို ထုတ်ဝေခဲ့ရာ ဂီတလောက တွင် ပြောစမှတ်တွင်သည့် စီးရီးတခွေဖြစ်ခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.