စောမောင်၊ ဦး(ပန်းချီ)
ဦးစောမောင်(ပန်းချီ) သည် မန္တလေးမြို့မှ ထင်ရှားသော နိပါတ်တော်ရေး ပန်းချီဆရာကြီးဖြစ်သည်။ ၁၉၀၀ ပြည့်နှစ်၊ ဧပြီလတွင် မန္တလေးတွင် မွေးဖွားသည်။ ၁၄ နှစ်သားအရွယ်တွင် ပန်းချီပညာ သင်ကြားခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ၁၉၅၉-ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံများသို့ လေ့လာရေး ခရီးထွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ အထက်မြန်မာပြည် ပန်းချီဆရာများ သမဂ္ဂဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၃၀ တွင် ဘုရင်ခံ ဆာဂျေအေမောင်ကြီး၏ ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်းခံရသည်။ ၁၉၅၇ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ရရှိသည်။ ဇနီး ဒေါ်တင် နှင့် သားသမီးလေးယောက်ရှိခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ [1]
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.