ဆင်ဖြူတော်မှီ ကြံစုပ်
ဆင်ဖြူတော်မှီ ကြံစုပ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ဆင်ဖြူတော်အတွက် ဆက်သသော ကြံကို ဆင်ထိန်းက ကပ်မြှောင်၍ စုပ်သကဲ့သို့ အရှိန်အဝါရှိသူကို မှီ၍ အခွင့်အရေးယူသည်။ [1]
မူလရင်းမြစ်
- "သူက သူဌေးသား၊ သူတို့ဆီမှာ ကားတွေကိုပြည့်လို့... အဲဒီက ဘုရားဖူးသွားရင် ကျွန်မတို့လည်း ဆင်ဖြူတော်မှီ ကြံစုပ်ရတာပေါ့ရှင်။" [၁၃၃၅] မင်းအောင်။ ၂၀၆။
ကျမ်းကိုး
- မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၈။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.