ဆင်ဖြူတော် ဝင်မှာ ချည်တစ်ခင်နှင့် ကျိန်းကျေ

ဆင်ဖြူတော် ဝင်မှာ ချည်တစ်ခင်နှင့် ကျိန်းကျေ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်

ဆင်ဖြူတော်ဝင်ကိန်းရှိရာတွင် ချည်တစ်ခင် ဝင်လာသည်နှင့် ကျိန်းကျေသွားသကဲ့သို့ ပစ္စည်းဥစ္စာ အခုလိုက် အပုံလိုက် ဝင်ကိန်းရှိရာတွင် မဖြစ်လောက်သည့် ပစ္စည်းတစ်ခုဝင်လာသည်နှင့် ကျိန်းကျေသွားသည်။ [1]

ရှေးအခါက တစ်ချိန်တည်း မွေးဖွားလာကြသော မင်းသားငယ်တစ်ဦးနှင့် ပုဏ္ဏားငယ်တစ်ဦးတို့သည် အလွန်ချစ်ခင်ကြသည်။ အရွယ်ရောက်လာသောအခါ မင်းသားသည် မင်းဖြစ်၍ ပုဏ္ဏားသည် ပုရောဟိတ် ဖြစ်လာသည်။ တစ်နေ့သောအခါ ပုရောဟိတ်သည် မင်း၏ဇာတာကို စစ်ဆေးကြည့်ရှုရာ (၇)ရက်အတွင်း ဆင်ဖြုရတနာဝင်ကိန်း ရှိသည်ကို မြင်လေသည်။ မိမိသည်လည်း မင်နှင့်အတူ တစ်ချိန်တည်း မွေးဖွားလာသူဖြစ်သဖြင့် ဆင်ဖြူတော်ဝင်ကိန်းရှိသည်ကို တွေ့မြင်လေသည်။ (၇)ရက် မြောက်သောအခါ မင်းကြီးထံသို့ ဆင်ဖြူတော်တစ်စီး လက်ဆောင်ပဏ္ဏာအဖြစ် ရောက်ရှိလာသည်။ ပုရောဟိတ်ထံသို့မှု မုဆိုးမတစ်ဦးသည် ချည်ခင်အဖြူကို လက်ဆောင်ပို့လေသည်။ ပုရောဟိတ်ပုဏ္ဏားက မင်းကြီးသည် ဘုန်းကြီးသည့်အလျောက် ဆင်ဖြူဝင်လေသည်။ ငါ့မှာမူ ဆင်ဖြူဝင်ကိန်းရှိသော်လည်း ဘုန်းကံနည်းသူဖြစ်သဖြင့် ချည်တစ်ခင်နှင့်သာ ကျိန်းကျေရလေသည်ဟု မြည်တမ်းလေသည်။ [ပုံပြင်] [1]

မူလရင်းမြစ်

  • သူကိုယ်တိုင်အဘယ်ကြောင့် မကောက်ယူခဲ့ပါသနည်းဟု ကျွန်ုပ်ကမေးရာ ဆင်ဖြူတော်ဝင်မှာ ချည်တစ်ခင်နှင့် ကျိန်းကျေနေပါဦးမည်ဟု ဖြေပါသည်။" [၁၃၂၈] ဘာသာစာ။ ၈၅။
  • "ဆင်ဖြူတော်ဝင်မှာ ချည်ဝင်တစ်ဝင်နှင့် ကျိန်းကျေ ဆိုသလို လာဘ်ဆိုးများနှင့် ချိတ်မိမှဖြင့် တစ်ဘဝလုံး လာဘ်တိတ်ပြီး..." [၁၂၇၈] တင်မြ၊ ဒု၊ ၁၈၅။

ကျမ်းကိုး

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၂။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.