ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့
ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ဆင်ဖြူတော်ကို ဆင်မည်းက ရင်မဆိုင်ရဲသကဲ့သို့ ဂုဏ်သိက္ခာအရှိန်အဝါ ကြီးမားသူကို ဂုဏ်သိက္ခာချို့တဲ့သူက မျက်နှာချင်း မဆိုင်ဝံ့ချေ။ [1]
မူလရင်းမြစ်
- "ဦးအောင်မြင်သည် ဗမာအမှုထမ်းများကို ထိသဖြင့် မခံချင်လှသော်လည်း ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သကဲ့သို့ ဆိတ်ငြိမ်၍ နေ၏။" [၁၃၀၂] သူရိယ၊ ၂၂၊ ၁၉။ ၇၃။
ကျမ်းကိုး
- မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၂။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.