ဆန်းဂေး အမျိုးသားဥယျာဉ်
ဆန်းဂေး အမျိုးသားဥယျာဉ် သည် အီကွေဒေါနိုင်ငံ မိုရိုနာ ဆန်တီယာဂို၊ ချင်ဘိုရာဇိုပြည်နယ်၊ တုံဂူရာဟွာပြည်နယ် တွင် တည်ရှိသော အမျိုးသားဥယျာဉ်တစ်ခု ဖြစ်သည်။ ထိုဥယျာဉ်အတွင်း တုံဂူရာဟွာ နှင့် ဆန်းဂေးဆိုသော မီးတောင်ရှင်နှစ်ခု ရှိပြီး အယ်လ်အော်တာ ဆိုသော မီးတောင်သေ တစ်ခု ရှိကာ အပူပိုင်း မိုးသစ်တောမှ ရေခဲမြစ် အထိ ဂေဟစနစ် အမျိုးမျိုး ရှိသည်။
ဆန်းဂေး အမျိုးသားဥယျာဉ် | |
---|---|
Parque nacional Sangay | |
IUCN category II (အမျိုးသားဥယျာဉ်) | |
ဆန်းဂေး အမျိုးသားဥယျာဉ် | |
တည်နေရာ | အီကွေဒေါနိုင်ငံ |
ကိုဩဒိနိတ် | 1°50′S 78°20′W |
ဖွဲ့စည်း | ၁၉၇၉ |
အမျိုးအစား | သဘာဝ |
ရွေးချယ်သည့်စံနှုန်း | vii, viii, ix, x |
ရွေးချယ်ခြင်း | ၁၉၈၃(သတ္တမအကြိမ်) |
ရည်ညွှန်းနံပါတ် | 260 |
နိုင်ငံ | အီကွေဒေါနိုင်ငံ |
ဒေသ | လက်တင်အမေရိက နှင့် ကာရစ်ဘီယံ |
စိုးရိမ်ရခြင်း | ၁၉၉၂–၂၀၀၅ |
ထိုဥယျာဉ်သည် ၁၉၈၃ ခုနှစ်မှစ၍ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် စာရင်းသွင်းခဲ့သည်။ တရားမဝင် အမဲလိုက်ခြင်း၊ စားကျက်မြေအဖြစ် ကျယ်ပြန့်စွာ အသုံးပြုခြင်း၊ အစီအစဉ်မရှိပဲ လမ်းများဖောက်လုပ်ခြင်း နှင့် ဥယျာဉ်၏ နယ်နိမိတ်ကို ကျူးကျော်ခြင်းတို့ကြောင့် ၁၉၉၂ ခုနှစ်တွင် စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။ ၂၀၀၅ ခုနှစ်တွင်မှ စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာစာရင်းမှ ပယ်ဖျက်ခဲ့သည်။
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.