ဆာဂါမာသာ အမျိုးသားဥယျာဉ်

ဆာဂါမာသာ အမျိုးသားဥယျာဉ် သည် နီပေါနိုင်ငံ အရှေ့ပိုင်း ဟိမဝန္တာတောင်တန်းဒေသတွင် တည်ရှိသော ထိန်းသိမ်းထားသောနယ်မြေတစ်ခု ဖြစ်ပြီး ထင်ရှားသော ဧဝရက်တောင် တည်ရှိရာ နေရာဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၄၄၃ စတုရန်းမိုင် (၁,၁၄၈ စတုရန်းကီလိုမီတာ) ရှိပြီး ဆိုလူခမ်ဘူးခရိုင် အတွင်း တည်ရှိကာ အမြင့်ပေ ၂,၈၄၅ မီတာ မှ ဧဝရက်တောင်ထိပ် အထိ အမြင့်ပေ ၈,၈၄၈ မီတာ (၉,၉၃၄ ပေ မှ ၂၉,၀၂၉ပေ) အထိ တည်ရှိကာ တောင်ဘက်တွင် ဒတ်ကိုဆီ မြစ် အထိ တည်ရှိသည်။ အရှေ့ဘက်ကပ်လျှက်တွင် မာကာလူဘာရွန်း အမျိုးသားဥယျာဉ် တည်ရှိသည်။[1]

ဆာဂါမာသာ အမျိုးသားဥယျာဉ်
IUCN category II (အမျိုးသားဥယျာဉ်)
အဝင်ဆိုင်းဘုတ်
တည်နေရာနီပေါနိုင်ငံ
ဧရိယာ၁,၁၄၈ km2 (၄၄၃ sq mi)
ဖွဲ့စည်းဇူလိုင် ၁၉၊ ၁၉၇၆ (၁၉၇၆-၀၇-၁၉)
ဆာဂါမာသာ အမျိုးသားဥယျာဉ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  နီပေါ
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii
ကိုးကား ၁၂၀
ဒေသ** အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဆာဂါမာသာ ဆိုသည်မှာ နေပါလီ ဘာသာစကားမှ ဆင်းသက်လာပြီး ဆာဂါမှာ ကောင်းကင်ဟု အဓိပ္ပာယ်ရကာ မာသာ မှာ ဦးခေါင်း ဟု အဓိပ္ပာယ်ရသည်။ [2]

ထိုသို့ ထိန်းသိမ်းထားသော နယ်မြေအား ငှက်များ အတွက် အရေးကြီးသော ဒေသအဖြစ် အပြည်ပြည်ဆိုင်ရာ ငှက်ရှင်သန်ရေးအဖွဲ့မှ သတ်မှတ်ထားပြီး ကြီးမြတ်သော ဟိမဝန္တာမြင်ကွင်း အဖြစ် သတ်မှတ်ထားသော နေရာတွင် ပါဝင်သည်။[3]

ကိုးကား

  1. Bhuju, U. R., Shakya, P. R., Basnet, T. B., Shrestha, S. (2007). Nepal Biodiversity Resource Book. Protected Areas, Ramsar Sites, and World Heritage Sites. International Centre for Integrated Mountain Development, Ministry of Environment, Science and Technology, in cooperation with United Nations Environment Programme, Regional Office for Asia and the Pacific. Kathmandu, Nepal. ISBN 978-92-9115-033-5
  2. Turner, R. L. (1931). सगर् sagar and माथा matha in: A comparative and etymological dictionary of the Nepali language. K. Paul, Trench, Trubner, London.
  3. Sacred Himalayan Landscape Government of Nepal – Department of National Parks and Wildlife Conservation။ 12 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2013 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.