ဆိုင်းရင်းမြို့ ၊ လစ်ဗျားနိုင်ငံ
ဆိုင်းရင်းမြို့ သည် ရှေးခေတ်ဂရိ နှင့် ရောမ မြို့တော်တစ်ခုဖြစ်ပြီး ယနေ့ခေတ် လစ်ဗျားနိုင်ငံ ရှာဟတ် အနီးတွင် တည်ရှိသည်။ ၎င်းသည် ဒေသအတွင်းရှိ ဂရိမြို့တော် ၅ ခုတွင် ရှေးအကျဆုံးနှင့် အရေးအပါဆုံးသော မြို့ဖြစ်သည်။ ထိုမြို့ကို အစွဲပြု၍ လစ်ဗျားအရှေ့ပိုင်းအား ဆိုင်းရင်နိုင်ကာ ဟု ခေါ်ဆိုခဲ့သည်မှာ ယနေ့ထက်တိုင် နာမည်တွင်ခဲ့သည်။ ရှေးခေတ် ဆိုင်းရင်းမြေအောက်ဂူသင်္ချိုင်း အနီးတွင် တည်ရှိသည်။
ဆိုင်းရင်း ရှေးဟောင်းသုတေသနနယ်မြေ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | လစ်ဗျား |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | ii, iii, vi |
ကိုးကား | ၁၉၀ |
ဒေသ** | အာရပ်နိုင်ငံများ |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၂ (ဆဋ္ဌမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ဆိုင်းရင်းမြို့သည် ဂျီဘဲလ် အက်ကဒါ ကုန်းမြင့် အတွင်းရှိ စိမ်းစိုသော တောင်ကြားတစ်ခုတွင် တည်ရှိသည်။ ထိုမြို့အား ကိုင်ရီ ရေပူစမ်းကို အစွဲပြု၍ အမည်မှည့်ခေါ်ခြင်း ဖြစ်ပြီး ဂရိတို့မှ အပိုလိုနတ်မင်းနှင့် သက်ဆိုင်သည့် မြင့်မြတ်သော နေရာ အဖြစ်သတ်မှတ်ကြသည်။ ဆိုကရေးတီး ၏ တပည့်တစ်ဦးဖြစ်သော အရစ္စတီးပတ်စ် ဘီစီ ၄ ရာစုတွင် တည်ထောင်ခဲ့သည့် ဆိုင်းရင်းနိတ် အတွေးအခေါ်ကျောင်း တည်ရှိရာ နေရာလည်း ဖြစ်သည်။ အာဖရိက၏ အေသင်မြို့ ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ [1][2][3][4]