ဆိုနာတာ

ဆိုနာတာ ဆိုသည်မှာ တူရိယာ တစ်ခု အတွက် ဂီတသံစဉ် သို့မဟုတ် တူရိယာတစ်ခုနှင့် ၎င်းနှင့် တွဲဖက်တီးမှုတ်သည့် တူရိယာ တစ်ခု အတွက် ဂီတသံစဉ် ဖြစ်သည်။ ဆိုနာတာမှာ လက်တင်စကားလုံး “sonare” မှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ အသံထွက်ရန် ဟူ၍ ဖြစ်သည်။

ဆိုနာတာရေးသားသည့်နည်း အတွက် ဆိုနာတာပုံစံ ကို ကြည့်ပါ။
Piano Sonata No. 28, Movement IV အတွက် ဘီသိုဗင်၏ လက်ရေးမူ , Geschwind, doch nicht zu sehr und mit Entschlossenheit Allegro မှာ သူ၏ လက်ရေးဖြစ်သည်။ ဤဂီတသံစဉ်ကို ၁၈၁၆ တွင် ရေးသားပြီးစီးခဲ့သည်။

သီချင်းရေး ဆရာတစ်ယောက်သည် ဆိုလိုတီးခတ်သော မည်သည့် တူရိယာအတွက် ဂီတသံစဉ်ကို မဆို ဆိုနာတာဟု ခေါ်ဆိုနိုင်သည်။ သို့သော်လည်း ဆိုနာတာမှာ မုဗ်မင့် အများအပြား ပါဝင်သော ဂီတသံစဉ် တစ်ခုဖြစ်သည်။

၁၆ ရာစုတွင် သီချင်းမဆိုသည့် သံစဉ် ဟူသမျှကို ဆိုနာတာ ဟုခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။

ဘာရော့ကာလ ဟုခေါ်သော ၁၇ရာစုနှင့် ၁၈ရာစု ဦးပိုင်းကာလာများတွင် အာကန်ဂျလို ကိုရယ်လီ ကဲ့သို့သော ဂီတပညာရှင်များက မုဗ်မင့် အများအပြား ပါဝင်သော ဆိုနာတာများကို ရေးစပ် သီကုံးခဲ့ကြသည်။ ဆိုနာတာ နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ “sonata da camera” (“room sonata” သို့ “chamber sonata”) ဖြစ်ပြီး လူတို့၏ အိမ်တွင် တီးမှုတ်ရန် အတွက် ဖြစ်သည်။ အခြား တစ်မျိုးမှာ “sonata da chiesa” (“church sonata”) ဖြစ်ပြီး ဘုရား ရှိခိုးကျောင်းများ တွင် တီးမှုတ် ရန် အတွက် ဖြစ်သည်။

"ဆိုနာတီနာ" ဆိုသည်မှာ ဆိုနာတာအပုဒ်ငယ်ကဲ့သို့ တိုတိုသာရေးသားထာ့သည့် သီချင်းငယ်ဖြစ်သည်။

နာမည်ကြီးဆိုနာတာများ

  • ဘီသိုဗင်
    • စန္ဒရားဆိုနာတာ အမှတ် ၈၊ ၂၀၊ ၂၉၊ ၃၂
    • တယောဆိုနာတာ အမှတ် ၉
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.