ဆွန်ဇူး

ဆွန်ဇူး (/ˈsnˈdz/;[1](အချို့က ဆွန်ဇီ၊ ဆွန်ဇဟုခေါ်)သည် တရုတ်လူမျိုး စစ်ဗိုလ်ချုပ်၊ စစ်ဗျူဟာမှူး၊ ဒဿနပညာရှင်တစ်ဦးဖြစ်ပြီး ရှေးခေတ်တရုတ်ပြည်၏ နွေဦးနှင့် ဆောင်းဦးကာလတွင်နေခဲ့သူဖြစ်သည်။ ဆွန်ဇူးကို "စစ်သေနကဗျူဟာ"ကျမ်းပြုစုသူအဖြစ် အသိအမှတ်ပြုကြပြီး အဆိုပါကျမ်းမှာ အနောက်တိုင်းနှင့်အရှေ့တိုင်းဒဿနပညာရပ်များအပေါ် လွှမ်းမိုးမှုရှိသည်။ အနောက်တိုင်းတွင် "ဆွန်ဇူး"ဟူ၍ လူသိများသော နာမည်မှာ ဘွဲ့အမည်နှင့်ခေါ်သောအမည်ဖြစ်ပြီး ဇူး(ဇ)ဆိုသည်မှာ "ဆရာကြီး"ဟုအဓိပ္ပါယ်ရ၍ ဆွန်ဇူးဟူသည်မှာ "ဆရာကြီး ဆွန်"ဟု ခေါ်ခြင်းဖြစ်သည်။

ဆွန်ဇူး
ဂျပန်နိုင်ငံရှိ ဆွန်ဇူးရုပ်တု
မွေးဖွားဘီစီ ၅၄၄ (traditional)
ကွယ်လွန်ဘီစီ ၄၉၆ (traditional)
အလုပ်အကိုင်စစ်ဗိုလ်ချုပ်၊ စစ်ဗျူဟာမှူး၊
လူမျိုးတရုတ်လူမျိုး
ကာလနွေဦးနှင့် ဆောင်းဦးကာလ
စာပေဘာသာရပ်စစ်ဗျူဟာ
ဂရုထားမှတ်သားစရာ လုပ်ဆောင်မှုများစစ်သေနကဗျူဟာကျမ်း (တရုတ်: 孫子兵法အင်္ဂလိပ်: 'The Art of War')

ဆွန်ဇူးအကြောင်းသမိုင်းမှာ မတိကျမသေချာပေ။ စိမာကျင်နှင့် အခြားသမိုင်းဆရာကြီးများက သူ့အား ဝူနိုင်ငံ၏ မှူးမတ်တစ်ဦးအဖြစ် အသိအမှတ်ပြုထားသည်။[2]

ဘဝမှတ်တမ်း


ဆွန်ဇူးမွေးဖွားခဲ့ရာ ဒေသကို သမိုင်းအထောက်အထားမရှိ၍ မသိကြသေးပေ။ နွေဦးနှင့် ဆောင်းဦးနှစ်စဉ်မှတ်တမ်းအချို့အရ ဆွန်ဇူးသည် ချီပြည်နယ်တွင် မွေးဖွားသည်ဟုဆိုကြသည်။[3] သို့သော်လည်း စိမာကျင်က ဆွန်ဇူးသည် ဝူပြည်နယ်ဖွားဖြစ်သည်ဟု ဆိုသည်။[4]မွေးရာဒေသကွဲပြားနေသော်လည်း ဆွန်ဇူးသည် နွေဦးနှင့် ဆောင်းဦးကာလ( ခရစ်မပေါ်မီ ၄၇၅-၂၂၁)နှောင်းပိုင်းမှ မွေးဖွားခဲ့သူအဖြစ် လက်ခံကြလေသည်။[5]

စိမာကျင် ထံမှ ဆွန်ဇူး၏ ထင်ရှားလူသိများသော ပုံပြင်တစ်ပုဒ်တွင် ဆွန်ဇူး၏စိတ်လှုပ်ရှားလွယ်မှုကို အောက်ပါအတိုင်း ဖော်ပြထားသည်။ ဆွန်ဇူးအား မခန့်အပ်မှီတွင် ဝူနိုင်ငံဘုရင်မင်းမြတ်သည် သူ့အားစမ်းသပ်သည့်အနေဖြင့် ကိုယ်လုပ်တော်မောင်းမ ၁၈၀ ကို တိုက်ရည်ခိုက်ရည်ပြည့်ဝသော စစ်သားများဖြစ်လာအောင် လေ့ကျင့်ခိုင်းသည်။ ဆွန်ဇူးသည် ၎င်းတို့အားအုပ်စုနှစ်ခုခွဲ၍ ဘုရင်မင်းမြတ် မျက်နှာသာပေးသော ကိုယ်လုပ်တော်နှစ်ယောက်ကို အုပ်စုနှစ်ခုကို ဦးဆောင်စေသည်။ ဘုရင်မင်းမြတ်ကို အုပ်စုနှစ်ခုလုံး၏ အကြီးအကဲအဖြစ်တါဝန်ယူစေသည်။ သူကိုယ်တိုင်ကမူ ဗိုလ်ချုပ်ကြီးဖြစ်သည်။ ထို့နောက် ၎င်းတို့အား ဆွန်ဇူးက ညာညှိခိုင်းရာ ကိုယ်လုပ်တော်များမှာ တခစ်ခစ်ရယ်မောသာနေကြသည်။ စစ်သားတို့သည် ၎င်းတို့ကို ပေးအပ်သော အမိန့်ကို နားလည်ရန်မှာ ဗိုလ်ချုပ်ကြီးဖြစ်သူတွင် တာဝန်ရှိသည်ဟု ဆွန်ဇူးက ဆိုသည်။ တဖန်ထပ်မံ၍ ညာညှိရန် အမိန့်ထပ်ပေးရာ ကိုယ်လုပ်တော်များမှာ တခစ်ခစ်ရယ်လျက်သာနေပြန်သည်။ ထိုအခါ ဆွန်ဇူးက ဘုရင်မင်းမြတ်မျက်နှာသာပေးသော အုပ်စုခေါင်းဆောင် ကိုယ်လုပ်တော်နှစ်ယောက်ကို ဘုရင်မင်းမြတ်ကကန့်ကွက်နေသည့်ကြားမှ သတ်ပစ်ရန် အမိန့်ပေးလေသည်။ ဗိုလ်ချုပ်၏ စစ်သားများသည် အမိန့်ကို နားလည်ကြသော်လည်း မလိုက်နာကြခြင်းမှာ အုပ်စုကိုခေါင်းဆောင်သူတို့တွင် တာဝန်ရှိသည်ဟု ဆွန်ဇူးက ရှင်းပြသည်။ ဗိုလ်လုပ်မည့်သူသည် ဘုရင်မင်းမြတ်က ကန့်ကွက်သော်ငြား ၎င်းအားပေးအပ်ထားပြီးဖြစ်သော တာဝန်ကို ဆုံးခန်းတိုင်အောင်မြင်အောင် ဆောင်ရွက်ရမည်သာဖြစ်ကြောင်း ဆိုသည်။ အုပ်စုခေါင်းဆောင်နှစ်ယောက်ကို သုတ်သင်ပြီးသော် အခြားကိုယ်လုပ်တော်နှစ်ယောက်ကို ထပ်မံရွေးချယ်ကာ အုပ်စု ခေါင်းဆောင်လုပ်စေပြန်သည်။ ထိုမှစ၍ အုပ်စုနှစ်စုလုံးတို့သည် ကို့ယို့ကားယားလုပ်မှု၏ အကျိုးဆက်ကို သိမြင်ပြီးဖြစ်၍ ၎င်းတို့အား ခိုင်းစေသည်ကို မဆိုင်းမတွလိုက်လုပ်ကြလေတော့သည်။[6]

ကိုးကား

  1. "Sun Tzu". Columbia Encyclopedia|Columbia Electronic Encyclopedia (2013).
  2. Sawyer၊ Ralph D. (2007)၊ The Seven Military Classics of Ancient China၊ New York: Basic Books၊ pp. 421–422၊ ISBN 0-465-00304-4.
  3. Sawyer 2007, p. 151.
  4. Sawyer 2007, p. 153.
  5. McNeilly 2001, pp. 3–4.
  6. Bradford 2000, pp. 134–135.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.