ဇဋိလ

ဇဋိလ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် အရဟတ္တဖိုလ်ဆိုက်ကာ ရဟန္တာ ဖြစ်သူ ဖြစ်၏။ ရာဇဂြိုဟ်ပြည်သား သူဌေးတစ်ဦး ဖြစ်၏။ မိခင်သည် အဆင်းလှသူတစ်ဦးဖြစ်၍ ဖခင်သည် ဝိဇ္ဇာဓိုရ်တစ်ဦး ဖြစ်သည်။[1]

ဇဋိလ၏ ဘုန်းကံ

ဇဋိလသည် ကုန်သည်တစ်ဦး၏ နေအိမ်တွင် သားအဖြစ် နေစဉ်က ၁၂ တိုင်ရောင်းမကုန်သော ပစ္စည်းတို့သည် တစ်နေ့တည်းနှင့် ရောင်းရသည်။ ထို့နောက် ကုန်သည်ကြီးက သမီးဖြစ်သူနှင့် ပေးစား၏။ အိမ်တက်မင်္ဂလာပြုသောနေ့တွင် အိမ်နောက်ဖေးတွင် ရွှေတောင်ကြီး ပေါက်၏။ [1]

ရဟန္တာဖြစ်ခြင်း

နောင်အခါတွင် ဇဋိလသည် မြတ်စွာဘုရား၏ သာသနာတွင် ရဟန်းပြု၏။ တရားအားထုတ်ရာ နှစ်ရက်၊ သုံးရက်အတွင်းပင် ရဟန္တာ ဖြစ်လေသည်။[1]

ကိုးကား

  1. သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၅၉၇၊ ၅၉၈။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.