ဇမိမြစ်
ဇမိမြစ်[1] သည် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ နယ်စပ်အနီး တနင်္သာရီ တောင်တန်းမှ မြစ်ဖျားခံလာသော မြစ်တစ်စင်းဖြစ်သည်။ ဇမိမြစ်သည် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှ အနောက်ဖက် ၉ မိုင်ခန့်အကွာ ချောင်းဆုံကျေးရွာမှ စတင်မြစ်ဖျားခံကာ ကရင်ပြည်နယ်အနောက်ပိုင်း တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းလာပြီး ဝင်းရော်မြစ် နှင့် ချောင်းနှစ်ခွရွာအနီးတွင် ပေါင်းစပ်သွားကာ အတ္တရံမြစ် အဖြစ်စီးဆင်းသွားသည်။[2]
ဇမိမြစ် | |
---|---|
ကြာအင်းဆိပ်ကြီးမြို့နယ်တွင်းရှိ ဇမိမြစ် | |
နိုင်ငံ | မြန်မာနိုင်ငံ |
ခရိုင် | ကော့ကရိတ်ခရိုင် |
မြို့နယ် | ကြာအင်းဆိပ်ကြီးမြို့နယ် |
အချက်အလက်များ | |
မြစ်ဖျားခံရာ | ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ 16°09′N 97°58′E |
စီးဝင်ရာနေရာ | အတ္တရံမြစ် ချောင်းနှစ်ခွရွာ၊ မွန်ပြည်နယ် ၇ m (၂၃ ft) |
အလျား | ၃၀၀ km (၁၉၀ mi) |
ကိုးကား
- "Map of Kayin State" Archived 2011-06-15 at the Wayback Machine. Myanmar's net
- ကြာအင်းဆိပ်ကြီး မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ။ ကရင်ပြည်နယ် အစိုးရအဖွဲ့ (မတ် ၂၀၁၇)။ ၃၁ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
- "Burma 1:250,000 topographic map, Series U542, NE 47-14, Moulmein" U.S. Army May Service, December 1959
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.