ဇုစ်နတ်မင်းကြီး

ဇူးစ်(သို့) ဇီးယုနတ်မင်းကြီး(ရှေးဟောင်းဂရိ: Ζεύςအင်္ဂလိပ်: Zeusအင်္ဂလိပ်: /ˈzjuːs/[3])သည် ဂရိဒဏ္ဍာရီမှ နတ်ဘုရားများထဲတွင် အဓိကအကျဆုံးနတ်မင်းကြီးဖြစ်သည်။ အသံထွက်မှာ ဇူးစ် (/ˈz(j)uːs/, z(y)oos)ထွက်သော်လည်း ရှေးမြန်မာစာရေးဆရာများက မြန်မာမှုပြု၍ ဇီးယုဟု ခေါ်ဝေါ်ရေးသားမှုလည်းရှိ၏ ။ ရှေးဂရိဘာသာရေး အရဆိုလျှင် ထိုနတ်မင်းကြီးမှာ အိုလံပတ်တောင်တော်ပေါ်မှ လူနတ်လောကကို အုပ်ချုပ်မင်းလုပ်ကာ စိုးစံတော်မူ၏ ။ ဂရိတို့က ဇူးစ် ဟုခေါ်ဝေါ်သော်လည်း ရောမဘာသာစကားဖြင့်မူ ဂျူပီတာ( Jupiter )နတ်မင်းဟု အမည်တွင်လေသည်။ ၎င်းမှာ အိုလံပတ်စ်တောင်မှ နတ်ဘုရားများ၏ အကြီးအမှူး ဖြစ်သလို ကောင်းကင်ကို အစိုးရသောနတ်ဘုရားလည်းဖြစ်ပေသည်။ ဇူးစ်ကို အနုပညာလက်ရာပစ္စည်းများတွင် ဩဇာရှိသော အသက်အရွယ်ရသော မုတ်ဆိတ်ကျင်ဆွယ်နှင့် အမျိုးသားတစ်ဦးအဖြစ် ပုံဖော်ကြသည်။ လက်နက်မှာ လျှပ်စီးမိုးကြိုးသွားဖြစ်သည်။ သူ့ကို သိမ်းငှက်၊ နွားသိုး နှင့် ဝက်သစ်ချပင်အိုစသည့် သင်္ကေတများနှင့်လည်း ရံခါဖော်ပြကြသည်။

Zeus
The Jupiter de Smyrne, discovered in Smyrna in 1680[2]
နေထိုင်ရာအိုလံပတ်စ်တောင်
သင်္ကေတမိုးကြိုး, လင်းယုန်, နွားသိုး နှင့် ဝက်သစ်ချ
ကြင်ဖော်ဟီရာနှင့် အခြားသူများ
မိဘများခရိုးနပ်စ် နှင့် ရီယာ
မောင်နှမများHestia, Hades, Hera, Poseidon and Demeter
သားသမီးများအဲရီးဇ်, အသီးနာ, အပေါလို, အားတစ်မစ်, အဲဖရာဒိုက်တီ, ဒိုင်ယာနိုက်ဆပ်စ်, ဟီဘီ, ဟားမီးဇ်, ဟီရာကယ်, ဟယ်လင်, Hephaestus, ပါးဆီးယပ်စ်, Minos, the Muses, the Graces
တောင်အိုလံပတ်တောင်
ရောမအခေါ်ဂျူပီတာ

မွေးဖွားခြင်း

ဇူးစ်သည် ခရိုနပ်စ်(Cronus or Kronos) နှင့် ရီးယာ(Rhea) တို့၏ သားအငယ်ဆုံးဖြစ်သည်။ ခရိုနပ်စ်မှာ တနေ့တွင် သူမွေးဖွားသော ကလေးများထဲက တစ်ယောက်⁠ယောက်သည် သူ့အားနန်းချလိမ့်မည်ဆိုသည့် တဘောင်နမိတ်စကားအား သူ့မိခင် ဂိုင်ယာ(Gaia or Gaea)ထံမှ ကြားခဲ့သည်။ သူကိုယ်တိုင်မှာလည်း ဖခင် ယူရေးနပ်စ်(Uranus)ကို နန်းသိမ်းတိုက်ပွဲဆင်ကာ ထီးနန်းလုယူခဲ့သောကြောင့် ဤနိမိတ်စကားကို စိုးရိမ်ထိတ်လန့်ကာ မိန်းမဖြစ်သူ ရီးယာ မွေးဖွားသမျှအား တစ်ယောက်မကျန် ဝမ်းဗိုက်အတွင်းသို့မျိုချခဲ့သည်။ဇူးစ်အလှည့်တွင် ရီးယာက ဉာဏ်ဆင်၍ ကလေးအစား ကျောက်တုံးကိုအဝတ်ပတ်၍ ပေးခဲ့ရာ ခရိုနပ်စ်ငိုက်မိသွားပြီး ထိုပေးသည့်အရာကိုပဲ ချက်ချင်းမျိုချခဲ့သည်။

ခရိုနပ်စ်အားတော်လှန်ခြင်း

ဇူးစ်အရွယ်ရောက်သောအခါ အိုလံပတ်စ်တောင်သို့ ပြန်လာပြီး ခရိုနပ်စ်၏ ဝမ်းဗိုက်ထဲနှင့် တာတားရပ်စ်(Tartarus)( အလွန်တရာနက်သော အမှောင်ထုမြေအောက်ကမ္ဘာ) ရှိ ညီအစ်ကိုမောင်နှမများအားကယ်ဆယ်ကာ ထိုသူများ၏အကူအညီဖြင့် တိုက်တန်များအား စစ်ကြေငြာ၍ (Titanomachy) တိုက်ခိုက်ချေမှုန်းခဲ့ရာ အနိုင်ရရှိသောကြောင့် ခရိုနပ်စ်နှင့် တိုက်တန်အများစုကို တာတားရပ်စ်၌ ပြန်လည် ချုပ်နှောင်ထားနိုင်ခဲ့သည်။

အာဏာခွဲဝေခြင်း

ထို့နောက် မိမိကိုယ်ကို အိုလံပတ်စ်တောင်၏ အရှင်သခင်၊ ကောင်းကင်ကိုအစိုးရသော နတ်ဘုရားဟုကြေငြာကာ နတ်ဘုရားအပေါင်း၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ အစ်ကိုဖြစ်သူများအားလည်း နယ်ပယ်အုပ်ချုပ်ခွင့်များပေးအပ်ခဲ့သည်။ ပိုဆိုက်ဒန်(Poseidon) ကိုပင်လယ်ရေပြင်ကို အုပ်စိုးခွင့်၊ ဟေဒီးစ်(Hades)အား မြေအောက်ကမ္ဘာအုပ်စိုးခွင့်များ ပေးခဲ့သည်။

အိမ်ထောင်ရေး

နတ်တို့သနင်း မင်းဖြစ်ပြီးနောက် အစ်မတော်စပ်သူ ဟီရာ(Hera)အားမိဖုရားကြီးမြှောက်ခဲ့သည်။ ဟီရာကို အိမ်ထောင်ရေးနတ်ဘုရားမ ဟုသိရှိရပါသည်။ ဇူးစ်မှာ အိမ်ထောင်ရေးအရှုပ်တော်ပုံ များကာ ဟီရာမှာလည်း ဇူးစ်ရဲ့ မိန်းမကိစ္စများတွင် အမြဲတစေပါဝင်ကာ မိမိပြိုင်ဘက်များကို နှိမ်နင်းခြင်းတွင်လည်း နာမည်ကြီးသူဖြစ်သည်။ ဇူးစ်နတ်မင်းသည်ကား နတ်သမီးများသာမက လူသားအမျိုးသမီးများနှင့်လည်း ရှုပ်⁠ရှုပ်ထွေးထွေး ဖြစ်ခဲ့သည်။ တစ်ချို့မူကွဲများတွင် ငယ်ရွယ်သော ယောက်ျားလေးများနဲ့ပါ ပတ်သတ်မှုများရှိခဲ့သည်။ လူနှင့်ရသော သားသမီးများ၊ နတ်နှင့်ရသော သားသမီးများရောမြောက်မြားစွာရှိ၏ ။

ကိုးကား

  1. The sculpture was presented to Louis XIV as Aesculapius but restored as Zeus, ca. 1686, by Pierre Granier, who added the upraised right arm brandishing the thunderbolt. Marble, middle 2nd century CE. Formerly in the 'Allée Royale', (Tapis Vert) in the Gardens of Versailles, now conserved in the Louvre Museum (official on-line catalog)
  2. The sculpture was presented to Louis XIV as Aesculapius but restored as Zeus, ca. 1686, by Pierre Granier, who added the upraised right arm brandishing the thunderbolt. Marble, middle 2nd century CE. Formerly in the 'Allée Royale', (Tapis Vert) in the Gardens of Versailles, now conserved in the Louvre Museum (official on-line catalog)
  3. Wells၊ John C. (1990)။ Longman pronunciation dictionary။ Harlow, England: Longman။ ISBN 0582053838
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.