ဇော်ဝင်း၊ ဦး

ဦးဇော်ဝင်းကို အဘ ဦးလှကျော် (အငြိမ်းစား၊ စက်ရှင်တရားသူကြီး) နှင့် အမိ ဒေါ်ခင်ကြည် တို့မှ ပဲခူးတိုင်း ညောင်လေးပင်မြို့၌ ၂၈.၆.၁၉၄၈ တွင် မွေးဖွားခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ဧရာဝတီတိုင်း ဟင်္သာတမြို့ အထက (၁) မှ ၁ဝ တန်း အောင်မြင်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ BA. Law နှင့် ၁၉၇၃ ခုနှစ်တွင် L.L.B ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်မှစ၍ တရားရေးဌာနတွင် တရားရေးဝန်ထမ်း အဆင့် ၄ ဖြင့် ရန်ကုန်၊ ကြံခင်း၊ ခရမ်း၊ အင်းစိန်၊ ကျောက်ဖြူ၊ ဒိုက်ဦး၊ သံလျင်နှင့် လွိုင်ကော်မြို့များတွင် တာဝန်ကျခဲ့သည်။ ထို့အပြင် တနင်္သာရီတိုင်းတွင် တိုင်းတရားသူကြီးအဖြစ်ပါ ဆောင်ရွက်ခဲ့သည်။ တရားရုံးချုပ်တွင် တွဲဘက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၁.၆.၂ဝဝ၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

ဦးဇော်ဝင်း
မွေးဖွား (1948-06-28) ဇွန် ၂၈၊ ၁၉၄၈
ညောင်လေးပင်မြို့ပဲခူးတိုင်း
နိုင်ငံလူမျိုး မြန်မာ
လူမျိုးကမန်လူမျိုး
ပညာရေးB.A (Law)LL.B
အလုပ်အကိုင်ပင်စင်စား၊ ရှေ့နေ
ကျော်ကြားမှုအရင်းခံကမန် အမျိုးသား တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ
အိမ်ထောင်ဖက်(များ)ဒေါ်မြင့်မြင့်ဝင်း

လက်ရှိတွင် ကမန် အမျိုးသား တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။

ဇနီးသည် ဒေါ်မြင့်မြင့်ဝင်းမှာလည်း L.L.B ဘွဲ့ရတဦးဖြစ်ကာ ၂ဝဝ၈ ခုနှစ်တွင် ရှေ့နေချုပ်ရုံး တွဲဘက်ညွှန်ကြားရေးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။ သားတဦးတည်းရှိပြီး လက်ရှိတွင် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.