ဉာဏ်ဝင်း၊ ဦး (NLD)
ဦးဉာဏ်ဝင်း သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သည်။[1][2] ဦးဉာဏ်ဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်နှင့် ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်း ဖြစ်သည်။[3][4] သူသည် ပါတီ၏ ဥပေဒေရေးရာ အကြံပေးအဖြစ် တာဝန်ယူခဲ့သည်။[5]
ဉာဏ်ဝင်း | |
---|---|
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
ဆက်ခံသူ | ခင်မောင်မြင့် (တစည) |
မဲဆန္ဒနယ် | ပေါင်မြို့နယ် မဲဆန္ဒနယ် ၁ |
အနိုင်ရမဲ အရေအတွက် | ၂၀,၀၃၂ (၅၅.၂%) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ | ၂၀ နိုဝင်ဘာ၊ ၁၉၄၂
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဒေါ်လှလှဝင်း |
မိဘ | ဦးချင်းဖေ (ဖခင်) ဒေါ်ရီ (မိခင်) |
ပညာရေး | LLB (၁၉၆၈) |
မိခင်ကျောင်း | ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် |
အလုပ်အကိုင် | ဗဟိုတရားရုံးချုပ် ရှေ့နေ (အငြိမ်းစား) |
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၂၀,၀၃၂ ဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။[6]
ဦးဉာဏ်ဝင်းကို ၁၉၄၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဦးချင်းဖေနှင့် ဒေါ်ရီတို့မှ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့၌ မွေးဖွားခဲ့သည်။[6] ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၇၀ မှ ၁၉၇၃ အထိ ဗဟိုတရားရုံးချုပ် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် အစိုးရရှေ့နေအဖြစ် အငြိမ်းစားယူချိန် ၁၉၈၈ ခုနှစ် နိုဝင်ဘာအထိ လုပ်ကိုင်ခဲ့သည်။[6]
ကိုးကား
- Mydans၊ Seth။ "Verdict Expected for Burmese Activist"၊ New York Times၊ 10 August 2009။ 15 July 2015 တွင် ပြန်စစ်ပြီး။
- McKay၊ James။ Nyan Win, elected MP and spokesman for the NLD in Burma။ 15 July 2015 တွင် ပြန်စစ်ပြီး။
- "Brief biographies of the some NLD CEC members"၊ Mizzima၊ 26 May 2010။ 15 July 2015 တွင် ပြန်စစ်ပြီး။
- Devraj၊ Ranjit။ "NLD spokesman Nyan Win at a Feb. 20 press conference in Rangoon"၊ Inter Press Service၊ 20 February 2015။ 15 July 2015 တွင် ပြန်စစ်ပြီး။
- "The Faces of Burma 2005"၊ The Irrawaddy၊ December 2005။ 15 July 2015 တွင် ပြန်စစ်ပြီး။
- Name: U Tun Aung (aka U Tun Tun Hein)။ BRIEF BIOGRAPHIES OF ELECTED MPs။ Online Burma/Myanmar Library။ 15 July 2015 တွင် ပြန်စစ်ပြီး။