ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း
ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း (အင်္ဂလိပ်: Nyaungshwe Vocational Training Institute, NVTI) သည် ရှမ်းပြည်နယ် ညောင်ရွှေမြို့ တောင်ခြေမြင်းစခွန့်ရွာအနီးတွင် တည်ရှိသည်။ ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ရှိပြီးနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတွင် ဖွင့်လှစ်ထားသော သက်မွေးပညာသင်တန်း ကျောင်းတစ်ကျောင်းဖြစ်သည်။
ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း (NVTI) | |
---|---|
တည်နေရာ | |
တောင်ခြေမြင်းစခွန့်ကျေးရွာ၊ ညောင်ရွှေမြို့၊ ရှမ်းပြည်နယ်![]() | |
သတင်းအချက်အလက် | |
အမျိုးအစား | သက်မွေးပညာသင်တန်းကျောင်း |
ဖွင့်လှစ် | မတ် ၇၊ ၂၀၁၆ |
ကျောင်းအုပ်ကြီး | စိုင်းကျော်ကျော်ခိုင် |
သမိုင်းကြောင်း
၂၀၁၆ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လွှဲပြောင်းရယူခဲ့သည်။
တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ
စဉ် | အမည် | ရာထူး | ပညာရေး | တာဝန်သက်တမ်း |
---|---|---|---|---|
၁။ | ဦးကောင်းမွန်ဦး | ကထိက | ME (Mechanical) | (၁၃.၇.၂၀၁၆)မှ (၁၈.၂.၂၀၁၇)အထိ |
၂။ | ဦးသာတင်ညွှန့် | ဒုတိယ ညွှန်ကြားရေးမှူး | ME (Mechanical) | (၁၈.၂.၂၀၁၇)မှ (၁၆.၅.၂၀၁၈)အထိ |
၃။ | ဦးစိုင်းကျော်ကျော်ခိုင် | ဒုတိယ ညွှန်ကြားရေးမှူး | ME (Mechanical) | (၁၆.၅.၂၀၁၈)မှ ယနေအထိ |
သင်ကြားပေးနေသော ဘာသာရပ်များ
ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းသည် အဓိကအားဖြင့် အင်ဂျင်နီယာဆိုင်ရာ နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ဘာသာရပ်များကို အဓိကထား သင်ကြားပေးနေသည်။ အဆိုပါဘာသာရပ်များ ကို လုပ်ငန်းခွင်အခြေအနေတိုင်း သင်ကြားပေးနေပြီး လက်တွေ့ ဦးစားပေးသင်ကြားပေးနေသော သင်တန်းကျောင်း ဖြစ်သည်။
အင်ဂျင်နီယာဆိုင်ရာဘာသာရပ်
- Basic Computer Training
- Basic House Wiring
- Motorcycle Repairing
- Single cylinder Diesel Engine Repairing
- Sewing
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ဘာသာရပ်
- Front Office Operations
- Housekeeping Operations
- Restaurant Operations
- Retail Operations
ကိုးကား
ပြင်ပလင့်ခ်များ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.