တင်တင်လှ

ဒေါ်တင်တင်လှသည် မြန်မာ့ရုပ်ရှင်မှ သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ဒေါ်တင်တင်လှသည် မြန်မာ့ရုပ်ရှင်ဘက်တွင် မင်းသားကြီး ရွှေဘတွံတေးသိန်းတန်တို့ လက်ထက်ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့နောက် ရုပ်ရှင်လောကတွင် ရုပ်ရှင်ဖလင်များ ပျက်တောက်သွားသည့် အချိန်တွင် ရုပ်ရှင်လောက သားများ ခေတ္တရုပ်ရှင် အနုပညာလောကနှင့် အလှမ်းဝေးခဲ့ကြရသည်။ တဖန် ဗီဒီယိုများပေါ်ကာစ အချိန်ကာလတွင် ရုပ်ရှင်အနုပညာလောကသို့ ဝင်ရောက် လာခဲ့ပြန်ဖြစ်သည်။ ထို့အပြင် အဒေါ် ဇာတ်ဝင်ခန်း၊ အမေ ဇာတ်ဝင်ခန်း များတွင် ပါဝင်၍ သရုပ်ဆောင်ပေးခဲ့ရသော ဝါရင့်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သည်။

တင်တင်လှ
ကွယ်လွန်၂ အောက်တိုဘာ၊ ၂၀၁၀
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်

ဘဝနိဂုံး

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှသည် ၂.၁၀.၂၀၁ဝ (စနေနေ့) နံနက် (၆း၄၅) နာရီ အချိန်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် အသက် (၆၈) နှစ်ရှိပြီ ဖြစ်သည်။ [1] [2]

ကိုးကား

  1. http://www.facebook.com/home.php?#!/notes/kyaw-thu/-/434262322913
  2. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.