တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း

တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်

တစ်ကျောင်းနှင့်တစ်ကျောင်း ရွတ်ဆိုသော ဂါထာ၊ တစ်ရွာနှင့်တစ်ရွာ သီဆိုသော တေးသီချင်းတို့ မတူကြသကဲ့သို့ သူ့နေရာနှင့်သူ အသုံးအနှုန်း လုပ်ထုံးလုပ်နည်း ကွဲပြားသည်။ [1]

မူလရင်းမြစ်

  • "ရှေးထုံးဟောင်းမှာကောင့်၊ တစ်ကျောင့်တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း၊ ဧတန်းနှင့်ဧဝန်း၊ ယွန်းဆက်နှင့်စမုတ်၊" [၁၁၄၆] ရာမ၊ ဒု။ ၁၅၆။
  • မှန်လှပါ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုတာလိုပဲ စင်တော်သားကပဲ ဘုရား၊ သူများထက် အဆန်းကို ကြံလို့မို့ နန်းဆန်တဲ့ တီးလုံးသွားကလေးများနှင့် သားသားနားနား မိန့်တော်မူပါဘုရား။ [၁၂၆၄] မိုင်းမြန်ပြ။ ၃၂၃။

ကျမ်းကိုး

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၉၂။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.