တစ်ချက်ခုတ် နှစ်ချက်ပြတ်

တစ်ချက်ခုတ် နှစ်ချက်ပြတ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်

တစ်ချက်ခုတ်ရုံဖြင့် နှစ်ချက်ပြတ်သကဲ့သို့ အလုပ်တစ်ခု ပြုလုပ်ရုံနှင့် ကိစ္စနှစ်ခု ပြီးမြောက်သည်။ [1]

မူလရင်းမြစ်

  • "နှမ်းကြဲနှမ်းပက်၊ ဒိုးဇယ်ကို စက်သည့်နှယ်၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်၊" [၁၂၂၀] နေကန် * ၃၇
  • "ဤဝတ္ထုကြီးဟောသဖြင့် အနတ္တကို ဟောခြင်းကိစ္စလည်း ပြီးစီးသွားတယ်၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတဲ့ စကားလိုပေါ့။" [၁၂၆၉] ဒေရီ၊ စ။ ၇၄။

ကျမ်းကိုး

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၉၃။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.