တစ်ပိုင်းသတ္တု

ဒြပ်စင်များတွင် Metals ဂုဏ်သတ္တိ သာမက Non-Metals ဂုဏ်သတ္တိများပါ ရှိကြသောကြောင့် Metalloids များဟုခေါ်သည်။ Metalloids များကို Metals နှင့် Non-Metals ခွဲထားသော မျဉ်းကြောင်းအမည်း(dark-line) တစ်လျှောက် (ဘေးတဘက်တချက်) တွင် တွေ့ရှိနိုင်ပါသည်။ (အလူမီနီယမ် မပါ။) ၎င်းမျဉ်းသည် အလူမီနီယမ်(Aluminium) နှင့် ဘိုရွန်(Boron) ကြားမှ စပြီး Po နှင့် At ကြားထိ ဆွဲထားသော မျဉ်းဖြစ်သည်။ ဆီလီကွန်(Silicon) နှင့် ဂျာမေနီယမ်(Germanium) ကဲ့သို့သော Metalloids များသည် တစ်ပိုင်း လျှပ်ကူးပစ္စည်းများ (Semi-conductors) ဖြစ်ကြသည်။ တစ်ပိုင်း လျှပ်ကူး ပစ္စည်းဆိုသည်မှာ သီးခြား အခြေအနေတစ်ရပ် အောက်တွင် လျှပ်စစ်အားကို သယ်ဆောင်ပေးပို့နိုင်သော ပစ္စည်းဖြစ်သည်။ တစ်ပိုင်းလျှပ်ကူးနှင့်မတူညီမှုမှာ တစ်ပိုင်းသတ္တုများသည် အပူချိန်သုည အခြေအနေတွင် လျှပ်စစ်စီးကူးနိုင်ပါသည်။ ဒြပ်စင်များနှင့်ကွာြခားချက်မှာ တစ်ပိုင်းသတ္တုတို့သည် အပူချိန်မြင့်လေလေ လျှပ်စစ်စီးကူးမှုကောင်းလေလေဖြစ်သည်။ [1] ၎င်း ဂုဏ်သတ္တိကြောင့် Silicon နှင့် Germanium များကို ကွန်ပျူတာနှင့် ဂဏန်းတွက်စက်များ တွင် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများအဖြစ် အသုံးပြုကြပါသည်။ သိပ္ပံပညာရှင်များကြားတွင်metalloidအတွက်သတ်မှတ်ထားသောတိကျသော အဓိပ္ပာယ်မရှိသေးပါ။ ပုံမှန် metalloids တစ်ခုသည်သတ္တုအသွင်အပြင်(တောက်ပြောင်မှု)ရှိသည်။ သို့သော် ၎င်း တို့သည် အလွန်ကြွပ်ဆပ်သည်။ လျှပ်စစ်အနည်းငယ်သာစီးသည်။ ၎င်းတို့ သည်အများအားဖြင့်nonmetal များကဲ့သို့ပြုမူသည်။ သူတို့ဟာသတ္တုများနှင့်အတူ အလွိုင်း သတ္တုစပ်အဖြစ် ဖွဲ့စည်းနိုင်ပါသည်။ သူတို့ရဲ့အခြားရုပ်ပိုင်းဆိုင်ရာနှင့်ဓာတုဂုဏ်သတ္တိများအများစုမှာအလယ်အလတ်ဖြစ်ကြ၏။ metalloidsများတွင် များသောအားဖြင့်မည်သည့်ဖွဲ့စည်းပုံဆိုင်ရာအသုံးပြုမှုမျှမရှိကြပါ။၎င်းတို့နှင့် ၎င်းတို့၏ဒြပ်ပေါင်းများကိုသတ္တုစပ်, ဇီဝဗေဒအေးဂျင့် ဓာတ်ကူပစ္စည်း မီးကူးနှောင့်နှေးစေသောပစ္စည်း ဖန်ခွက် optical သိုလှောင်မှု တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်လျှပ်စစ်ပစ္စည်းများ optoelectronics pyrotechnics စသည်တို့ အတွက်အသုံးပြုကြသည်။ [2]

13 14 15 16 17
2 B
Boron
C
Carbon
N
Nitrogen
O
Oxygen
F
Fluorine
3 Al
Aluminium
Si
Silicon
P
Phosphorus
S
Sulfur
Cl
Chlorine
4 Ga
Gallium
Ge
Germanium
As
Arsenic
Se
Selenium
Br
Bromine
5 In
Indium
Sn
Tin
Sb
Antimony
Te
Tellurium
I
Iodine
6 Tl
Thallium
Pb
Lead
Bi
Bismuth
Po
Polonium
At
Astatine

ကိုးကား

  1. Полуметаллы — Википедия
  2. ဒြပ်စင်အလှည့်ကျဇယား(www.thanlonnge.net )
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.