အလူမီနီယမ်

အလူမီနီယမ် (Aluminium)ဆိုသည်မှာ ဒန်သတ္တုကို ခေါ်ဆိုသည်။ ယခုခေတ် စဖိုဆောင်တိုင်း၌ အလူမီနီယမ်ဖြင့် ပြုလုပ်သော ပန်းကန်ပြားများ၊ ရေနွေးကရားများ အိုးခွက်များကို အများအပြား သုံးစွဲလေ့ ရှိကြသည်။ ဤသို့ အလူမီနီယမ်ကို များစွာ သုံးစွဲကြ ခြင်းမှာ ဤသတ္တုသည် ငွေရောင်ကဲ့သို့ ပြောင်လက်လျက်ရှိခြင်း၊ အလွန်ပေါ့ပါး၍ ခိုင်မာခြင်း၊ အပူလိုက် လွယ်ခြင်း၊ ကြေးညှော် ကင်းစင်ခြင်းနှင့် အလွယ်တကူ တိုက်ချွတ်ဆေးကြောပစ်နိုင်ခြင်း တို့ကြောင့် ဖြစ်သည်။

အလူမီနီယမ်,  13Al
Spectral lines of aluminium
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတအလူမီနီယမ်, Al
အသံထွက်UK: /ˌæljʊˈmɪniəm/ ( )
AL-ew-MIN-ee-əm
US: /əˈljmɪnəm/ ( )
ə-LEW-mi-nəm
အခြားအမည်aluminum (US, informal)
အဆင်းsilvery gray metallic
ဒြပ်စင်အလှည့်ကျဇယားရှိ အလူမီနီယမ်
B

Al

Ga
မဂ္ဂနီဆီယမ်အလူမီနီယမ်ဆီလီကွန်
အက်တမ် အမှတ်စဉ် (Z)13
အုပ်စုဘလော့group 13, p-block
ဒြပ်စင်အလှည့်ကျဇယားperiod 3
ဒြပ်စင် ကဏ္ဍ  post-transition metal, sometimes considered a metalloid
စံ အက်တောမစ် အလေးချိန် (±) (Ar)26.9815385(7)[1]
အီလက်ထရွန် ပြုပြင်မှု[Ne] 3s2 3p1
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 3
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်933.47 K (660.32 °C, 1220.58 °F)
အရည်ဆူမှတ်2743 K (2470 °C, 4478 °F)
သိပ်သည်းမှု (အခန်းအပူချိန်)2.70 g/cm3
2.375 g/cm3
ဖျူးရှင်းအပူ10.71 kJ/mol
အငွေ့ပျံခြင်း အပူ284 kJ/mol
မိုလာ အပူအင်အား24.20 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1482 1632 1817 2054 2364 2790
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ+3, +2,[2] +1[3], −1, −2 (an amphoteric oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.61
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 577.5 kJ/mol
2nd: 1816.7 kJ/mol
3rd: 2744.8 kJ/mol
(more)
အက်တောမစ် အချင်းဝက်empirical: 143 pm
ကိုဗေးလန့်အချင်းဝက်121±4 pm
ဗန်ဒါဝေါ့စ် အချင်းဝက်184 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ face-centered cubic (fcc)
အသံ၏အမြန်နှုန်း ပါးလွှာသော သံချောင်း(rolled) 5000 m/s (at r.t.)
အပူ ပြန့်ကားမှု23.1 µm/(m·K) (at 25 °C)
အပူစီးကူးမှု237 W/(m·K)
လျှပ်စစ် ခုခံမှု28.2 nΩ·m (at 20 °C)
သံလိုက်ဓာတ်paramagnetic[4]
သံလိုက် ထိတွေ့နိုင်မှု (χmol)+16.5·10−6 cm3/mol
Young's modulus70 GPa
Shear modulus26 GPa
Bulk modulus76 GPa
ပိုင်ဆွန် အချိုး0.35
Mohs hardness2.75
Vickers hardness160–350 MPa
Brinell hardness160–550 MPa
CAS Number7429-90-5
သမိုင်းကြောင်း
ကြိုတင်ဟောခြင်းAntoine Lavoisier[5] (1787)
ပထမဆုံး ခွဲထုတ်မှုHans Christian Ørsted[6] (၁၈၂၇)
အမည်တပ် ခဲ့Humphry Davy[5] (၁၈၀၇)
Most stable isotopes of အလူမီနီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
26Al trace 7.17×105 y β+ 1.17 26Mg
ε 26Mg
γ 1.8086
27Al 100% is stable with 14 neutrons

ပေါ့ပေါ့ပါးပါး ခိုင်မာ၍ ကြေးညှော်ကင်းစင်ခြင်းကြောင့်လည်း မော်တော်ကားစက်ကိရိယာများ၊ အလှပြ အထည်များ၊ အဝေး ကြည့်မှန်ပြောင်း၏ ပြွန်ချောင်းများ၊ အလင်းပြန်ခွက်များ ပြုလုပ်ရာတွင် အသုံးပြုသည်။ ထိုပြင် အလူမီနီယမ်တွင် လျှပ်စစ်ဓာတ်လိုက်နိုင်သော သတ္တိရှိသည့်ပြင် ကြေးနီကဲ့သို့ နန်းဆွဲယူနိုင်သောကြောင့် ရေအောက်နန်းကြိုးများနှင့် လျှပ်စစ် ကိရိယာများ ပြုလုပ်ရာ၌လည်း အသုံးပြုသည်။ ဤသတ္တုအမှုန့် ကို ဆီဖြင့်ရောပေးသောအခါ ငွေရောင်ကဲ့သို့ တောက်ပသော အလူမီနီယမ်သုတ်ဆေးကိုရသည်။ အရည်ပျော်နေသော သံမဏိ တွင် အလူမီနီယမ် အနည်းငယ်ကို ထည့်ပေးသောအခါ လေခို ပေါက်များ ကင်းစင်သည့် သတ္တုတုံးများကို ရရှိလေသည်။

အလူမီနီယမ်သတ္တုသည် ကမ္ဘာပေါ်တွင် အတွေ့အကြုံရ အများဆုံး သတ္တုများတွင် အပါအဝင်ဖြစ်သော်လည်း ထိုသတ္တု သန့်သန့်ကို သယံဇာတအဖြစ်ဖြင့် မတွေ့ရချေ။ ရွှံ့သည် အလူ မီနီယမ်ဒြဗ်ပေါင်းဖြစ်၍ မြေ တစ်ဧကတွင်ရှိသော ရွှံ့မြေသည် အလူမီနီယမ်သတ္တုတန်နှင့်ချီ၍ ပါသည်။ များသောအားဖြင့် ဤသတ္တုကို အောက်ဆီဂျင်၊ ဟိုက်ဒြိုဂျင်၊ ဆိုဒီယမ်၊ ကလိုရင်း၊ ဆီလီကွန်တို့ဖြင့် ပေါင်းစပ်၍ တွေ့ရှိရ၏။ ရှေးအခါက အလူ မီနီယမ်ကို ထုတ်ယူရန် စရိတ်မှာ အလွန်ကြီးသောကြောင့် ငွေ ထက်ပင် အဖိုးတန်ခဲ့လေသည်။ ၁၈၈၆ ခုနှစ်တွင် အမေရိကန် နိုင်ငံသား ချားမာတင်ဟောဆိုသူ၏ ကြိုးပန်းချက်ကြောင့် အလူမီနီယမ်သတ္တုကို လျှပ်စစ်ဓာတ်ဖြင့် ထုတ်ယူနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ အလူမီယမ်၏ တန်ဖိုးမှာ လူတိုင်းသုံးစွဲနိုင် လောက်အောင် ကျဆင်းလာခဲ့လေသည်။

လျှပ်စစ်ဓာတ်ဖြင့် ထုတ်ယူနည်းတွင် ပြင်သစ်နိုင်ငံ လေဗော့ အရပ်မှ ရရှိသော ဗောက်ဆိုက်နှင့် ဂရင်းလန် နိုင်ငံမှ ရရှိသော ကရိုင်အိုလိုက်ကို သုံးသည်။ ဗောက်ဆိုက်ခေါ် သတ္တုရိုင်းမှာ အလူမီနီယမ်အောက်ဆိုက်ဖြစ်၍ ယင်းကို အိုင်ယာလန်ပြည်နှင့် အမေရိကန်နိုင်ငံတို့မှလည်း အမြောက်အမြား ရရှိသည်။ ကရိုင် အိုလိုက် သတ္တုရိုင်းသည် ဆိုဒီယမ်၊ အလူမီနီယမ် ဖလိုရိုက် ဖြစ်၍ ယင်းကို ထည့်သွင်း အသုံးပြုရခြင်းမှာ ဗောက်ဆိုက်ကို အရည်ပျော်လွယ်စေရန် ဖြစ်သည်။ ဤသတ္တုရိုင်းနှစ်မျိုးကို အတွင်းပိုင်း အောက်ဘက်၌ သံပြားများခံထားသော ကာဗွန် လုံများတွင်ထည့်၍ လုံပေါ်တွင် ကာဗွန်ချောင်းများကို စုစည်း ပြီးလျှင် ဆွဲထားသည်။ လုံထဲ၌ ရှိသည့် သံပြားကို လျှပ်စစ် ဂျင်နရေတာမှ ကတ်သုတ်ခေါ် ဓာတ်မတိုင်နှင့် ဆက်ပေး၍ ကာဗွန်ကို အနုတ်ခေါ် ဓာတ်ဖိုတိုင်နှင့် ဆက်ပေးပြီးလျှင် လျှပ်စစ်ဓာတ် လွှတ်ပေးသောအခါ သတ္တုရိုင်းသည် အရည် ပျော်သွား၍ အလူမီနီယမ်နှင့် အောက်ဆီဂျင်အဖြစ်သို့ ပြောင်း သွားသည်။ အလူမီနီယမ် အရည်သည် လုံအောက်ပိုင်းသို့ ထိုင်သွား၍ အောက်ဆီဂျင်မှာ ကာဗွန်နှင့် ပေါင်းစပ်ပြီးလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ်ဖြင့် လေထဲသို့ ထွက်သွား လေသည်။

အလူမီနီယမ်ကို မက်ဂနီဇီယမ်နှင့် ရောပေးသောအခါ စက်မှုလုပ်ငန်းများတွင် အလွန်အသုံးဝင်သည့် မက်ဂနေလီယမ် သတ္တုရောကို ရသည်။ ကြေးနီ၊ မန်ဂနိ၊ မက်ဂနီဇီယမ်တို့နှင့် ပေါင်းစပ်ယူသောအခါ ဒျူရေလူမင် သတ္တုရောကို ရသည်။ ဒျူရေလူမင်သည် သံမဏိကဲ့သို့ ခိုင်မာပြီးလျှင် သံမဏိ ထက်ဝက်မျှသာ လေးသဖြင့် လေသင်္ဘောများတွင် ယက်မများ ပြုလုပ်ရန် အသုံးပြုကြသညင်။ ဒျူရေလူမင်ဖြင့် ပြုလုပ်ထား သော ယက်မ တချောင်းသည် ပေ ၃ဝ ပင်ရှည်သော်လည်း လက်ချောင်းငယ် တစ်ချောင်းတည်းဖြင့် ဆောင်ထားနိုင်လောက် အောင် ပေါ့သည်။ ထိုယက်မ၏ အစွန်းတစ်ဖက်တစ်ချက်ကို ထောက်များဖြင့် ထောက်ထားသောအခါ အလယ်၌ လူသုံး ယောက်တက်ထိုင်သော်လည်း ခံနိုင်ရည်ရှိကြောင်းကို တွေ့ ရသည်။ အလူမီနီယမ်၏ ထူးခြားသော ဂုဏ်တစ်ရပ်မှာ အောက်ဆီဂျင်နှင့် ပေါင်းစပ်ရာ၌ အပူမြောက်မြားစွာကို ဖြစ်စေ နိုင်သည့်အချက်ပင် ဖြစ်သည်။ ဤသို့ ပေါင်းစပ်ရာ၌ ပေါင်းစပ် မှုသည် အလွန်လျင်မြန်ရကား စွန့်ထုတ်သော အပူချိန်မှာ [7]

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Aluminium monoxide
  3. Aluminium iodide
  4. Lide၊ D. R. (2000)။ "Magnetic susceptibility of the elements and inorganic compounds" (PDF)CRC Handbook of Chemistry and Physics (81st ed.)။ CRC Press။ ISBN 0849304814
  5. Aluminum Los Alamos National Laboratory။ 3 March 2013 တွင် ပြန်စစ်ပြီး။
  6. 13 Aluminium Elements.vanderkrogt.net။ 2008-09-12 တွင် ပြန်စစ်ပြီး။
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.