တာ့ဂျ်မဟာရ်

တာ့ဂျ်မဟာရ် (အင်္ဂလိပ်: Taj Mahal; /ˌtɑː məˈhɑːl/) သည် အိန္ဒိယနိုင်ငံ အာဂရာမြို့ပြင်၊ အာဂရာခံတပ်၏ အ‌ရှေ့ဘက် ၁ မိုင်ခန့်‌ဝေး‌သော လှပသည့် ဥယျာဉ်တစ်ခုတွင်း၌ တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန် က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ်မဟာရာ(ဂျ်) (Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တာ့ဂျ်မဟာရ်
ताज महल
တာ့ဂျ်မဟာရ် အား တောင်ဖက်မှ မြင်ရပုံ
တည်နေရာအာဂရာမြို့ဥတ္တရပဒေသပြည်နယ်၊ အိန္ဒိယနိုင်ငံ
ကိုဩဒိနိတ်27°10′30″N 78°02′31″E
အမြင့်၇၃ မီတာ (၂၄၀ ပေ)
တည်ဆောက်၁၆၃၂ - ၁၆၅၃[1]
ဗိသုကာUstad Ahmad Lahauri
ဗိသုကာစတိုင်Mughal architecture
လေ့လာသူ၃ သန်းခန့် (၂၀၀၃ အတွင်း)
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့် စံနှုန်း(i)
ရွေးချယ်သတ်မှတ်ခြင်း၁၉၈၃ (၇ ကြိမ်မြောက် အစည်းအဝေး)
ရည်ညွှန်းနံပါတ်252
တည်နေရာအိန္ဒိယနိုင်ငံ
ဒေသအာရှ-ပစိဖိတ်
အိန္ဒိယနိုင်ငံ အနောက်ဥတ္တရပဒေသပြည်နယ်တွင်း တည်နေရာ

တာ့ဂျ်မဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာ‌ပေါ်တွင် အလှဆုံး‌သော အ‌ဆောက်အအုံကြီးဟူ၍ ဆိုကြသည်။ တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာများစာရင်းတွင် ပါဝင်လာခဲ့ပြီး "မူစလင်အနုပညာ၏ ရတနာ နှင့် အားလုံးက အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး" ဟု ဖော်ပြထားခဲ့သည်။ ‘တာ့ဂျ်မဟာရ်’ဟူသည်မှာ ‘နန်း များ ထွတ်‌ခေါင်’ဟု အနက်ရ၏။ ရှားဂျဟန်း ဧကရာဇ်ဘုရင် မင်းမြတ်၏ အ‌လောင်းကိုလည်း ဤသင်းချိုင်း၌ပင် မြှုပ်နှံခဲ့ကြ ‌လေသည်။[2]

တာ့ဂျ်မဟာရ်အဆောက်အဦးအစုအဝေးကို ၁၆၄၈ ခုနှစ်ခန့်က ဆောက်လုပ်ပြီးစီးခဲ့ပြီး အူစတတ် အာမက် လာဟောရီသည် တာ့ဂျ်မဟာရ်၏ အဓိကပုံစံထုတ်တည်ဆောက်သူဖြစ်သည်ဟု ယူဆကြသည်။

မူလအစနှင့်ဖြစ်ပေါ်လာစေသည့်အကြောင်း

တာ့ဂျ်မဟာရ်ကို စတင်တည်ဆောက်ခဲ့သော ရှားဂျာဟန် - စမစ်ဆိုနီယန် အင်စတီကျုမှ ကမ္ဘာလုံးပေါ်မှ ရှားဂျာဟန် ပန်ချီကား
မမ်တက်ဇ်မဟာရ် အား ပန်းချီဆရာများဖော်ကျူးရေးဆွဲထားပုံ

မဂိုအင်ပိုင်ယာ၏ အချမ်းသာအကြွယ်ဝဆုံးအချိန်ဖြစ်သော ၁၆၃၁ ခုနှစ်တွင် မဂိုဘုရင် ရှားဂျာဟန်မှာ သူ၏ တတိယမြောက်ဇနီး မမ်တက်ဇ်မဟာရ် ကွယ်လွန်သွားသဖြင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေခဲ့သည်။ သူတို့၏ ၁၄ ယောက်မြောက်ရင်သွေးဖြစ်သော ဂေါဟာရာဘီဂမ်ကို မွေးဖွားစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းမှတ်ရာများ အရ ရှားဂျာဟန်၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းသည် တာ့ဂျ်မဟာကို ဆောက်လုပ်ဖြစ်ရန် စေ့ဆော်ပေးသော အချက်ဖြစ်သည်။ မမ်တက်ဇ်သေဆုံးပြီး မကြာမီတွင်ပင် တာ့ဂျ်မဟာရ်ကို စတင်ဆောက်လုပ်ခဲ့ပြီး အဓိက ဂူသင်္ချိုင်းမှာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် ဥယျာဉ်များမှာ ၅ နှစ်အကြာတွင် ပြီးစီးခဲ့သည်။ ဘုရင် ရှားဂျာဟန်မှ တာ့ဂျ်မဟာရ်တွင် အောက်ဖော်ပြပါစာသားကို ရေးသားခဲ့သည်။

"အပြစ်ကျူးလွန်သူတစ်ယောက် ဤနေရာတွင် ခိုလှုံလာပါက လွမ်းငြိမ်းချမ်းသာခွင့်ပေးခံရသူပမာ သူ၏ အပြစ်များအားလုံး ကျေပျောက်ရမည်။ အကယ်၍ အပြစ်ရှိသူမှ ဤခန်းမသို့လာရောက်ပါက သူ၏အပြစ်များအားလုံးကို ဆေးကြောသန့်စင်စေရမည်။ ဤအဆောက်အဦး၏ နေရာသည် ဝမ်းနည်းပူဆွေးမှု၏နေရာဖြစ်သည်။ နေနှင့်လတို့ မျက်ရည်ကျရာနေရာဖြစ်သည်။ ဤကမ္ဘာတွင် ဤအဆောက်အဦးဖြင့် တည်ဆောက်သူ၏ ဂုဏ်ကျက်သရေကို ဖော်ကျူးနေသည်။"

တာ့ဂျ်မဟာရ်နှင့် ဗိသုကာပုံစံခြင်းဆင်တူသော ဟူမာရန်၏ ဂူသင်္ချိုင်း

တာ့ဂျ်မဟာရ်တွင် ပါရှန်းနှင့် အစောပိုင်းမဂိုဗိသုကာပညာတို့ကို ပေါင်းစပ်ရုံသာမက ဆန်းသစ်တီထွင်မှုပြုထားသည်။ စိတ်ကူးစိတ်သန်းများမှာ အောင်မြင်ကျော်ကြားသော တီမူရစ်(Timurid) နှင့် မဂိုအဆောက်အဦးများဖြစ်သော ဂါအီအေမီရာ (Gur-e Amir) (ဆာမာခန် (Samarkand) ရှိ မဂိုမင်းဆက်ကိုဆက်ခံသူတစ်ဦးဖြစ်သော တီမူအာ(Timur) ၏ ဂူသင်္ချိုင်း)၊ ဟူမာရန်၏ ဂူသင်္ချိုင်း၊ အစ်တမတ်-အုဒ်-ဒါအုလာ(Itmad-Ud-Daulah) ၏ ဂူသင်္ချိုင်း (တစ်ခါတစ်ရံတွင် တာ့ဂျ်မဟာရ်အငယ်စားဟု ညွှန်းဆိုကြသည်။) နှင့် ရှားဂျာဟန်တည်ဆောက်ခဲ့သော ဒေလီရှိ ဂျမားမတ်စ်ဂျစ် (Jama Masjid) ဗလီတို့ကို အတုယူထားသည်။ အစောပိုင်းမဂိုအဆောက်အဦးများမျာ အနီရောင်သဲကျောက်တုန်းများဖြင့် တည်ဆောက်ခဲ့သော်လည်း ရှားဂျာဟန်ကစတင်၍ အဖြူရောင် စကျင်ကျောက်အောက်ခံနှင့် တန်ဖိုးနည်းသော ရတနာကျောက်တို့ကို အသုံးပြုခဲ့သည်။ သူ၏အုပ်ချုပ်မှုအောက်တွင် ရှိသော အဆောက်အဦးတို့မှာ အဆင့်အတန်းတစ်ခုအထိ ပြင်ဆင်မွမ်းမံခြင်းရှိခဲ့သည်။

ဗိသုကာပညာ

တက်ဂျမဟာသင်းချိုင်းဂူမှာ ‌ကျောက်ဖြူဖြင့် တည်‌ဆောက် ထား‌သော ရှစ်‌မြှောင့်ပုံ အ‌ဆောက်အအုံကြီး ဖြစ်၍ ‌ပေ ၇ဝ မြင့်ပြီးလျှင် သဲနီ‌ကျောက် ‌အောက်‌ခြေ‌ပေါ်တွင် တည်ရှိ၏။ သို့‌သော် ယင်းထိပ်တွင် ‌ပေ ၁၂၀ မြင့်‌သော ခုံဝိုင်းကြီး တပ်ဆင်ထားပြန်သဖြင့် စုစု‌ပေါင်း ‌ပေ ၁၉၀ ခန့်မြင့်‌ပေသည်။ အ‌ဆောက်အအုံကြီး၏ ‌ဘေးပတ်လည် သဲနီ‌ကျောက် ‌အောက် ‌ခြေ၏ ‌ထောင့်များတွင် ၁၃၃ ‌ပေမြင့်‌သော ဘုရားရှိခိုး‌မျှော်စင် တစ်ခုစီရှိ၏။ အ‌ဆောက်အအုံကြီးမှာ သဲနီ‌ကျောက် တံတိုင်းဖြင့် ဝန်းရံထား‌သော ရှုချင်စဖွယ် ဥယျာဉ်တစ်ခု၏ အလယ်တွင် တည်ရှိ‌လေသည်။ အတွင်းဘက်တွင် ဆင်ပြင်ထားပုံမှာ ခမ်းနား ဆန်းပြားလှ၏။ ‌ကျောက်ဖြူဂူ နှစ်ခုရှိ‌သော အခန်းကြီးကို အဖိုးတန်‌ကျောက်မျက်ရတနာ ၁၂ မျိုးဖြင့်ပြီးသည့် ခန်းဆီးများ နှင့် ကာရံထားသည်။ အတွင်းနံရံများတွင် တိရစ္ဆာန်ပုံနှင့် သစ်ပင်ပန်းပင်ပုံများ ‌ဖော်ထားသည့် မှန်စီ‌ရွှေချ လက်ရာများမှာ အလှဆုံးပင်ဖြစ်သည်ဟုဆိုသည်။ ထိုပြင် ကိုရန်ကျမ်းထွက် တရားစာများကိုလည်း လှပဆန်းကျယ်စွာ ထွင်းထုထား၏။ ဤ အ‌ဆောက်အအုံကြီးကို ‌ဆောက်လုပ်ရာတွင် ‌ပေါင် ၃ သန်း ‌ကျော် ကုန်ကျခဲ့သည်ဟု ဆို‌လေသည်။ ။[3] အလုပ်သမားပေါင်း နှစ်သောင်းကျော်ဖြင့် တည်ဆောက်ကာ နှစ်ပေါင်း ၂၀ကြာအောင် ဆောက်လုပ်ခဲ့ရသည်။ [4]

ဂူသင်္ချိုင်း

တာ့ဂျ်မဟာ၏ အဓိကနေရာမှာ ကျောက်ဖြူသားအုတ်ဂူဖြစ်သည်။ ခုံးနေသော တံခါးပေါက်ပါရှိသည့် နှစ်ဖက်ညီအချိုးစားကျ အဆောက်အဦးပေါ်တွင်တည်ရှိပြီး အပေါ်မှ ကြီးမားသောအမိုးလုံးကြီးဖြင့် ဖုံးအုပ်ထားသည်။ အခြားသော မဂိုဂူသင်္ချိုင်း များကဲ့သို့ပင် အဆောက်အဦး၏ အခြေခံအစိတ်အပိုင်းများမှာ ပါရှန်းမှဆင်းသက်လာသော ပုံစံဖြစ်သည်။

ဓာတ်ပုံစုစည်းမှု

သက်ဆိုင်သောဆောင်းပါးများ

ကိုးကား

  1. Dutemple၊ Lesley A (2003)။ The Taj Mahal။ Lerner Publications Co။ p. 32။ ISBN 0-8225-4694-92015-02-07 တွင် ပြန်စစ်ပြီး Cite has empty unknown parameter: |coauthors= (အကူအညီ)
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
  3. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
  4. လှသမိန်။ ဗဟုသုတစွယ်စုံ(၁၉၇၈။ဧပြီလ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.