တိစီဝရိက်ဓုတင်

တိစီဝရိက်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ဆောက်တည်မည့်ရဟန်းသည် ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံဧကသီ၊ ဒုကုဋ် သင်္ကန်းကြီး ဟူသည့် သင်္ကန်းသုံးထည်ကိုသာ အသုံးပြုရ၏။ ထိုသုံးထည်မှတပါး အခြားသော သင်္ကန်းကို သုံးဆောင်ခြင်း မပြုရပေ။[1]

ဆောက်တည်ပုံ

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “စတုတ္ထကစီဝရံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ “ဝတ်လောက်ရုံလောက် လေးထည်မြောက် သင်္ကန်းကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့် ဖြစ်စေ၊ “တေစီဝရိကင်္ဂံ သမာဓိယာမိ” ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ “သုံးထည်သော သင်္ကန်းကို ဝတ်ရုံလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆိုကာ ဆောက်တည်ရ၏။[1]

ဓုတင် ပျက်စီးခြင်း

ဝတ်လောက်ရုံလောက် လေးထည်မြောက် သင်္ကန်းကို သာယာသော ခဏ၌ပင် ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[1]

ကိုးကား

  1. ချမ်းမြေ့ဆရာတော် (၁၉၉၂ ခုနှစ်၊ ဧပြီလ)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ၅၅ (က)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.