တေဇောကသိုဏ်း
တေဇော − မီးကသိုဏ်း ကိုလည်း ရှေးအတိတ် နီးသောဘဝက အားထုတ်ခဲ့ဖူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် ပကတိသော မီးပုံ၊ မီးကျီး၊ မီးတောက်၊ ဆီမီး၊ ဖယောင်းတိုင်မီးတို့ကိုပင် ကြည့်ရှု၍ နိမိတ်ရနိုင်၏။ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မီးတောက်ကိုသော်လည်းကောင်း၊ မီးကျီစုကိုသော်လည်းကောင်း ဖြစ်စေ၍ မပူလောက်သော အနီး၌ထား၍ အလွတ်လည်း ကြည်ရှုရာ၏။ ဖျာ၊ ရိုင်၊ သဲပွတ်၊ ဝါးကပ် စသည်ကို တစ်ထွာလောက် အပေါက်ဖောက်၍ ထိုအပေါက်ဖြင့် ကာစီး၍သော်လည်း ကြည့်ရှုရာ၏။

ဤမီးကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်အတိုင်း မီးခဲဖြစ်လျှင် အခိုးအငွေ့ အရှိန်နှင့်တကွ မီးခဲတွေ အစိတ်စိတ် ကွဲလျက်ပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ အခိုးအငွေ့ အရှိန်ကင်းလျက် မီးခဲတစ်ခုတည်း တသားတည်းတွေ ခဲလျက် ထင်၏။ မီးတောက် ဥဂ္ဂဟနိမိတ်မှာ အခိုးအငွေ့ အရှိန်နှင့်တကွ လောင်စာထင်းနှင့်တကွ လှုပ်ရှားလျက်ပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ အခိုးအငွေ့ အရှိန်မရှိ လောင်စာထင်းစမရှိ ငြိမ်သက်စွာထင်၏။ ဈာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။[1]
ကိုးကား
- လယ်တီဆရာတော်။ ကမ္မဋ္ဌာန်းကျမ်းကြီး။ တိုက် (၄)၊ အခန်း (၄၀၂)၊ ကျီတော်အိမ်ရာ၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ရန်ကုန်မြို့: မိခင်ဧရာဝတီစာအုပ်တိုက်။ pp. ၆၉။CS1 maint: location (link)