ထမင်းကြော်
ထမင်းကြော်သည် ထမင်းကို အကြော် ဒယ်ပြား(သို့) ဒယ်အိုးထဲတွင် ရောမွေကာ ကြော်ထားသည့် အစားအစာတစ်မျိုးဖြစ်ပြီး အများအားဖြင့် အခြားပါဝင်ပစ္စည်းများဖြစ်သည့် ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ ပင်လယ်စာ(သို့) အသားတို့ဖြင့် ရောထားလေ့ရှိသည်။ သူ့တစ်မျိုးတည်း စားလေ့ရှိသလို အခြားဟင်းများဖြင့် တွဲဖက်ကာလည်း စားလေ့ရှိသည်။ ထမင်းကြော်သည် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် အချို့ တောင်အာရှ အစားအစာများတွင် လူသိများ ထင်ရှားသည်။ အိမ်တွင်လည်း ချက်လေ့ရှိသဖြင့် ထမင်းကြော်သည် အခြားဟင်းကျန်များဖြင့် ရောနှောကာ ချက်သဖြင့် မရေတွက်နိုင်အောင် အမျိုးမျိုး ကြော်ချက်နည်းများရှိသည်။ ထမင်းကြော်ကို တရုတ်နိုင်ငံ၏ ဆူမင်းဆက် 'Sui Dynasty'မှ စတင်သည်ဟု အဆိုပြီး ထမင်းကြော်အားလုံး၏မူလရင်းမြစ်ကို လိုက်လျှင် တရုတ်ထမင်းကြော်ကို အခြေခံဟု ပြောနိုင်သည်။[1]
ကြက်ထမင်းကြော် | |
အခြားအမည်များ | စာရင်း
|
---|---|
အမျိုးအစား | ထမင်းဟင်း |
အဓိကသုံးဆောင်မှု | အဓိကအစာ |
မူရင်းနိုင်ငံ | တရုတ် |
ဒေသ | Worldwide |
အဓိက ပါဝင်ပစ္စည်း | ထမင်း, ဆီ |
မျိုးကွဲများ | Bokkeum-bap Chāhan Chǎo fàn Khao phat Nasi goreng |
Cookbook: Fried rice Media: Fried rice |
ကိုးကား
- Bruce Kraig; Colleen Taylor Sen (2013)။ Street Food Around the World: An Encyclopedia of Food and Culture။ ABC-CLIO။ p. 183။ ISBN 9781598849554။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.