ထွန်းဝေ

ဦးထွန်းဝေ (၂၃ အောက်တိုဘာ ၁၉၂၀–၈ ဩဂုတ် ၂၀၀၅) သည် မြန်မာအမျိုးသား ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။

ထွန်းဝေ
မွေးဖွား(၁၉၂၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၂၃)အောက်တိုဘာ ၂၃၊ ၁၉၂၀
နတ်တလင်းမြို့၊ ပဲခူးတိုင်း
ကွယ်လွန်ဩဂုတ် ၈၊ ၂၀၀၅(၂၀၀၅-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-0၈) (အသက် ၈၄)
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
မိဘ(များ)ဦးကျော်စိန်၊ ဒေါ်ရွှေရင်
ရရှိသည့်ဆုများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၁၉၅၇၊ ၁၉၅၉၊ ၁၉၈၃)

အစောပိုင်းဘဝ

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးထွန်းဝေကို ၁၉၂၀-ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့၌ အဖ ဦးကျော်စိန်နှင့် အမိ ဒေါ်ရွှေရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းများအနက် သားကြီး ဖြစ်သည်။

နတ်တလင်းအထက်တန်းကျောင်းတွင် အထက်တန်းပညာ သင်ကြားခဲ့ပြီး ၁၉၄၂-ခုနှစ်တွင် တရုတ်ပြည် ချုံကင်းမြို့တွင် စာနယ်ဇင်းသင်တန်း တက်ရောက်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် နယ်ခြားသတင်းထောက်၊ နေ့စဉ်လမ်းညွှန် သတင်းစာများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၈ - ၄၉-ခုနှစ်တွင် မန္တလေးမြို့ထုတ် `ဘဝသစ်နေ့စဉ်´တွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။

ရုပ်ရှင်လောကသို့ ဝင်ရောက်ခြင်း

သိန်းဖေမြင့်မှတစ်ဆင့် ဗြိတိသျှဘားမားရှိ ရွှေဒုံးဘီအောင်၏ တပည့်အဖြစ် ရုပ်ရှင်ပညာ သင်သည်။ ပထမဆုံး ဇာတ်ရံပါရမှာ ၁၉၅၂ ခုတွင် ဦးချစ်ခင်ရိုက်သည့် ချစ်ရေးမလွယ် ဇာတ်ကား ဖြစ်သည်။ ၁၉၅၇ ခုတွင် ဦးချစ်စိန် ရိုက်သည့် ဗိုလ်မြဒင် ကားမှစ၍ ခေါင်းဆောင်မင်းသား ဖြစ်လာသည်။

၁၉၅၇-ခုနှစ်တွင် ဗိုလ်မြဒင် ဇာတ်ကား၊ ၁၉၅၉ မှာ ကကြီးရေက ဇာတ်ကား၊ ၁၉၈၃-ခုနှစ်တွင် တတိယအရွယ်၏ ဒုတိယဝေဒနာ ဇာတ်ကားများနှင့် ရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆု အကယ်ဒမီရရှိခဲ့သည်။

၁၉၅၂-ခုနှစ်တွင် ပီကင်းတွင်ကျင်းပသော အာရှနှင့် ပစိဖိတ်ဒေသငြိမ်းချမ်းရေး ကွန်ဂရက်သို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ပြီး၊ ၁၉၅၆-ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ပညာရှင်များ ကိုယ်စားလှယ်အဖြစ် တရုပ်ပြည်သို့ သွားရောက်ခဲ့ပါသည်။ ၁၉၆၀-ပြည့်နှစ်တွင် မြန်မာ့ရုပ်ရှင် ပညာရှင်များ ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်၊ ဘေကျင်းသို့ သွားရောက်ခဲ့ပြန်သည်။

၁၉၆၇-ခုနှစ်မှစပြီး အမြင့်သဘင်နှင့် ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်၊ ၁၉၅၃-ခုနှစ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး အဖွဲ့ကောင်စီဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။

ပါဝင်သော ဇာတ်ကားများ

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ ထုတ်ဝေသူ မှတ်ချက်
ချစ်ရေးမလွယ် ၁၉၅၂ ဦးချစ်ခင်
သည်ဆောင်းဟေမာန် ဦးသုခ
မာလာရီ ရွှေဒုံးဘီအောင်
ပွဲခါညောင်ရေ ရွှေဒုံးဘီအောင်
ဒေါက်တာ အောင်ကျော်ဦး ရွှေဒုံးဘီအောင်
ဖူးစာနှစ်ခိုင် ဦးလှဦး
ဖြေလျှော့ခွေ ဦးချစ်ခင်
ဘုနဲ့ ဘောက် နေဒွန်း ကန်တော်မိတ် ရုပ်ရှင်
ဗိုလ်မြဒင် ၁၉၅၇ ဦးချစ်စိန် ဘီဘီဘီ ဖလင်
ကကြီးရေ က ၁၉၅၉ သာဓု
ဖဆကလပ် သာဓု
ချစ်တော့ ချစ်တယ် မျိုးအောင်
ဗိုလ်အောင်နိုင် ကျော်သန်း
တတိယအရွယ်၏ ဒုတိယဝေဒနာ ၁၉၈၃

အသံဇာတ်လမ်းများ

ခေါင်းစဉ် ထုတ်ဝေနှစ် ဇာတ်ညွှန်း ထုတ်ဝေသူ မှတ်ချက်
ကကြီးရေ က
နဂါးနိုင်မင်းသား
ပုဏ္ဏားဘကွန်း
ဝရမ်းပြေး ဘခက်
မဟာဇောတိကသူဌေး
ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင်
ထောင်မင်းသား ဖိုးထော်နှင့် ယမင်းရုပ်
ဂျင်ပေါ်က ထုံး
အတ္တအကျဉ်းသား
ဂျမ်းမ
ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျမယ်
ဟင်္သာလည်းငှက် ကျီးလည်းငှက်
မုဆိုးနဲ့ ကျား
အဗ္ဗပါလီ
ဘုံ ရှင်းတမ်း
စိတ်
သမားတော်ကြီး မဟာဇီဝက
ရွှေနဲ့ကပ်တော့ ရွှေမင်းသား

နိုင်ငံရေး

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး ဖြစ်ပွားသည့်အခါ အနုပညာရှင်များနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် ကူညီစောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။

ရရှိခဲ့သော ဆုတံဆိပ်များ

ထွန်းဝေသည် အကယ်ဒမီ(၃)ကြိမ်ရသော ရုပ်ရှင်မင်းသားကြီး ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ဗိုလ်မြဒင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု၊ ၁၉၅၉ ခုနှစ်တွင် ကကြီးရေက ဇာတ်ကားဖြင့်လည်းကောင်း ၁၉၈၃ တွင် တတိယအရွယ်၏ ဒုတိယဝေဒနာ ဇာတ်ကားဖြင့်လည်းကောင်း ဇာတ်ပို့ဆု အကယ်ဒမီများ ရရှိခဲ့သည်။

မိသားစု

ဦးထွန်းဝေသည် ပထမ ဒေါ်စောနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ဇနီး ဒေါ်စော ကွယ်လွန်သွားသောအခါ၊ ဇနီး၏ တူမဖြစ်သူ ဒေါ်ထွေးထွေးနှင့် ထပ်မံ လက်ထပ်ခဲ့ပြီး၊ သား (၂) ယောက် ထွန်းကားခဲ့သည်။

ကွယ်လွန်ခြင်း

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ပြည်သာယာ၊ သီရိဇေယျာလမ်း၊ နေအိမ်တွင် ၂၀၀၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁နာရီ ၂၅ မိနစ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ထွေးထွေးနှင့် သားသမီး၊ မြေးများ ကျန်ရစ်ခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.