ဒရယ်

ဒရယ်သည် စားမြုံ့ပြန်တတ်သည့် နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ ဒရယ်သည် ကိုယ်လုံးကိုယ်ထည်အသွင်သဏ္ဌာန်အားဖြင့် သမင်နှင့်ဆင် သည်။ ကိုယ်ထည်လုံးပြီး မွဲညစ်ညစ်မီးခိုးရောင် ရှိသည်။ ဒရယ်၏ဦးချိုသည် သမင်တို့ကဲ့သို့ ရှည်လျားခြင်းမရှိဘဲ အတန်ငယ်တိုသည်။ ဒရယ်ဖို အများစုသည် နှစ်စဉ် ချိုများ ကျွတ်ကာ အသစ်ပြန်ပေါက်လေ့ရှိသည်။

ဒရယ် Hog Deer (or) Porcine Deer
သဘာဝထိန်း​သိမ်းခြင်းအခြေအနေ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက သတ္တလောက
မျိုးပေါင်းစု Chordata
မျိုးပေါင်း နို့တိုက်သတ္တဝါ
မျိုးစဉ် Artiodactyla
မျိုးရင်း Cervidae
မျိုးစု Hyelaphus
မျိုးစိတ် H. porcinus
ဒွိနာမ
Hyelaphus porcinus
Zimmermann, 1780
အမည်ကွဲ
[[Image:|250px]]

ဒရယ်သည် အသီးအရွက်စားသော သတ္တဝါဖြစ်ပြီး တောတွင်းတွင် အခြားအသားစား သတ္တဝါများ၏ အစာအဖြစ် ကိုက်သတ်စားသောက်ခြင်းကို ခံကြရသည်။ ဒရယ်သည် များသောအားဖြင့် အုပ်ဖွဲ့ ပြီး နေလေ့ရှိသည်။

ဒရယ်ကို အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်မြန်မာလာအိုကမ္ဘောဒီးယားဗီယက်နမ်ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် တွေ့ရသည်။

“ဒရယ်သားသည် အေး၏။ ကြေခဲ၏။ ချိုဆိမ့်၏။ ဝမ်းချုပ်၏။ ဝစေတတ်၏။ အားကိုဖြစ်စေတတ်၏။ လေသည်း ခြေကိုနိုင်၏။ သလိပ်ကို စဉ်းငယ်ပျက်စေတတ်၏”ဟု ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖော်ပြပါရှိသည်။ [1]

ကိုးကား

  1. မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.