ဒရယ်ငယ်

ဒရယ်ငယ်သည် စားမြုံ့ပြန်တတ်ပြီး ခွာရှိသော နို့တိုက်သတ္တဝါဖြစ်သည်။ ဒရယ်ငယ်သည် Bovidae မျိုးရင်းတွင်ပါသည်။ ထိုသတ္တဝါတို့သည် Bovidae မျိုးရင်းရှိ မျိုးရင်းသေးအများအပြားတွင် ပျံ့နှံ့လျှက်ရှိကြပြီး သူတို့အချင်းချင်းထက် ဆိတ်များ သို့မဟုတ် နွားများနှင့် ပို၍ အလားသဏ္ဌန်တူကြသည်။ ဒရယ်ငယ်မျိုးစိတ်အများအပြားရှိပြီး အလွန်သေးငယ်သော တော်ဝင်ဒရယ်ငယ် မှသည် နွားသိုးနှင့်တူသော Elands အမျိုးအစား ဒရယ်ငယ်အထိ အမျိုးမျိုးရှိကြသည်။

ဒရယ်ငယ်

ဒရယ်ငယ်အဖိုကို သူတို့၏ချိုများကိုကြည့်ခြင်းဖြင့် သိနိုင်ပြီး ထိုချိုများမှာ သမင်ချိုတို့ကဲ့သို့ တစ်နှစ်တစ်ခါလဲခြင်းမျိုးမဟုတ်ပဲ အမြဲတမ်းရှိနေခြင်းဖြစ်ကာ တစ်ခါတစ်ရံတွင် ဝင့်ကြွားသော မျဉ်းကွေးသဏ္ဌန် သို့မဟုတ် လိမ်ရှုပ်နေသော သဏ္ဌန်ရှိတတ်သည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.