ဒါအက်စ် ဆယ်လန်းမြို့

ဒါအက်စ် ဆယ်လန်းမြို့သည် တန်ဇေးနီးယား နိုင်ငံ၏ အကြီးဆုံးနှင့် အချမ်းသာဆုံး မြို့တစ်မြို့ ဖြစ်ပြီး အရှေ့အာဖရိကတွင် လူဦးရေ အများဆုံး မြို့ဖြစ်ကာ ဒေသအတွင်း စီးပွားရေး အချက်အချာကျသော မြို့တစ်မြို့ ဖြစ်သည်။[1] တန်ဇေးနီးယားရှိ အနုပညာ၊ဖက်ရှင်၊ မီဒီယာ၊ ဂီတ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား တို့အတွက် ထင်ရှားသော မြို့တစ်မြို့လည်း ဖြစ်သည်။ ထို့ပြင် တန်ဇေးနီးယား ပထမဆုံးနှင့် အရေးပါဆုံးသော စတော့ဈေးကွက်ဖြစ်သည့် ဒါအက်စ် ဆယ်လန်း စတော့ အိတ်ချိန်း ရှိရာ မြို့ဖြစ်ကာ နိုင်ငံ၏ ဦးဆောင်ဦးရွက် ပြုရာ ငွေကြေးဆိုင်ရာ အချက်အချာ ဌာနလည်း ဖြစ်သည်။[2] ဒါအက်စ် ဆယ်လန်းသည် ကမ္ဘာပေါ်ရှိ ဆွာဟီလီ ဘာသာစကား ပြောဆိုရာ မြို့များတွင်လည်း အကြီးဆုံး မြို့ဖြစ်သည်။

ဒါအက်စ် ဆယ်လန်းမြို့
Dar es Salaam
မြို့တော်
ဒါအက်စ် ဆယ်လန်းမြို့ မြင်ကွင်း ၏ မြင်ကွင်းပုံ
နိုင်ငံ တန်ဇေးနီးယား

ကိုးကား

  1. Major urban areas - population 18 November 2014 တွင် ပြန်စစ်ပြီး။
  2. Welcome to Dar es Salaam Stock Exchange - Dar es Salaam Stock Exchange 25 May 2015 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.