ဒိုင်းနမိုက်

ယခုခေတ်၌ အင်ဂျင်နီယာကြီးများသည် ကျောက်ဆောင် မြေထုကို ဒိုင်းနမိုက်ဖြင့်ဖြိုခွဲ၍ တူးမြောင်းများ၊ လှိုဏ်ခေါင်းများ ဖောက်လုပ်ကြသည်။ ဒိုင်းနမိုက်သည် သေးငယ်သော်လည်း၊ ပေါက်ကွဲရာ၌ အလွန်ပြင်းထန်သည်။ ဒိုင်းနမိုက် အားလုံးလိုလိုတွင် အဓိကအားဖြင့် နိုင်ထရိုဂလစ်ဆရင်းပါဝင်သည်။

ဒိုင်းနမိုက်ပုံ
  1. Sawdust (or any other type of absorbent material) soaked in nitroglycerin.
  2. Protective coating surrounding the explosive material.
  3. Blasting cap.
  4. Electrical cable (or fuse) connected to the blasting cap.

နိုက်ထရို ဂလစ်ဆရင်းကို ၁၈၄၆ ခုနှစ်တွင် အီတာလျံ အမျိုးသား အားစကားညို ဆိုဗရဲရိုးဆိုသူက ဖော်စပ်ခဲ့လေသည်။ နိုက်ထရို ဂလစ်ဆရင်းမှာ ဂလစ်ဆရင်းကို နိုက်တရစ်အက်ဆစ်၊ ဆာလဖျူရစ်အက်ဆစ်တို့နှင့် ရောစပ်ပြုလုပ်ထားသော ပစ္စည်းဖြစ်သည်။ နိုက်ထရိုဂလစ်ဆရင်းမှ ဒိုင်းနမိုက်ဖြစ်အောင် ၁၈၆၆ ခုနှစ်တွင် ဆွီဒင်အမျိုးသား ဓာတုဗေဒပညာရှင် အဲလ်ဖရက် နိုဘယ်ဆိုသူက ကြံစည်ပြုလုပ်ခဲ့လေသည်။ နိုဘယ်မှာ နိုဘယ် ငြိမ်းချမ်းရေးဆုကို တီထွင်သောပုဂ္ဂိုလ်ဖြစ်၏။


ဒိုင်းနမိုက်ပြုလုပ်ရာ၌ နိုက်ထရို ဂလစ်ဆရင်းကို လွယ်ကူစွာ မပေါက်ကွဲစေရန် ဓာတ်ပြုမှုကင်းသော နိုက်ထရို ဂလစ် ဆရင်းစုတ် ပစ္စည်းများတွင် စုတ်ဝင်နေစေသည်။ နိုဘယ်အသုံးပြုခဲ့သည့် နိုက်ထရိုဂလစ်ဆရင်း စုတ်ပစ္စည်းမှာ ကီဇယ်ဂူးခေါ် မြေစေးတစ်မျိုးဖြစ်သည်။ နောင်အခါတွင် ထိုမြေစေးမျိုးအစား သစ်သားပျော့ဖတ် မြေဖြူ၊ မီးသွေး စသည်တို့ကို အသုံးပြုကြသည်။ ဒိုင်းနမိုက်တွင် နိုက်ထရိုဂလစ်ဆရင်း ၇၅ ရာခိုင်နှုန်း၊ ကီဇယ်ဂူး ၂၅ ရာခိုင်နှုန်း ပါဝင်လေ့ရှိသည်။ ၁၈၇၅ ခုနှစ်၌ နိုဘယ်သည် ယခင်ကထက် ပိုမိုပြင်းထန်သော ဒိုင်းနမိုက် ဂျယ်လတင်ကို တီထွင်ပြန်သည်။ ထိုဒိုင်းနမိုက်တွင် နိုက်ထရို ဂလစ်ဆရင်း ၇၅ ရာခိုင်နှုန်း၊ နိုက်ထရိုဆဲလျူလို့ ၆ ရာခိုင် နှုန်း၊ ပိုတက်ဆီယမ် နိုက်ထရိတ် ၁၆ ရာခိုင်နှုန်းနှင့် သစ်သား ပျော့ဖတ်၊ မြေဖြူတို့ကို အနည်းငယ်စီ ပါဝင်လေသည်။

ရိုးရိုးဒိုင်းနမိုက်သည် များသောအားဖြင့် တုတ်ချောင်းပုံသဏ္ဌာန်ရှိသည်။ အရှည် ၈ လက်မခန့်ရှိ၍၊ အချင်း ၂ လက်မခန့်ရှိ၏။ ရေငွေ့မဝင်နိုင်အောင် ဒိုင်းနမိုက်ကို ဖယောင်းသုတ်ထားသော စက္ကူအညိုရောင်ဖြင့် ရစ်ပတ်ထားသည်။ ဒိုင်းနမိုက်ကို ဖောက်ခွဲလိုသည့်အခါ မီးရှို့ပေးရသည်။ မီးစွဲလောင် နေစဉ် ဒိုင်းနမိုက်ကို အနည်းငယ်ရိုက်ခပ်လိုက်လျှင် ထိပ်ဖုံးက ယမ်းအိမ်ပွင့်၍ ပြင်းထန်စွာ ပေါက်ကွဲသွားလေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.