ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်
ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (အင်္ဂလိပ်: Democratic Karen Benevolent Army) ကို ဒီကေဘီအေ တပ်မဟာ-၅ ဟုလည်း ခေါ်ဆိုသည်။ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်သည် မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ တပ်မဟာ-၅ ကို တပ်ရင်း(၅)ရင်းဖြင့် ၂၀၀၉ နှစ် မေလတွင် အသစ်ဖွဲ့စည်းကာ ယခင် ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးချုပ် (ခ)နှုတ်ခမ်းမွှေးကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် Democratic Karen Benevolent Army | |
---|---|
ပြည်တွင်းသောင်းကျန်းမှုသမိုင်းတွင် ပါဝင် | |
ဒီကေဘီအေ တပ်မဟာ-၅ မှ အသုံးပြုသော အလံတော် | |
လှုပ်ရှား | ဩဂုတ် ၂၀၁၀ –လက်ရှိ |
ခံယူချက် | ကရင်အမျိုးသားရေး[1] ထေရဝါဒ ဗုဒ္ဓဘာသာ[2] |
ဦးဆောင်သူများ | ဗိုလ်မှူးချုပ် စောလားဖွယ် (၂၀၁၀–၂၀၁၆) ဗိုလ်ချုပ်ကြီး စောမိုရှေး (၂၀၁၆–လက်ရှိ) |
ဌာနချုပ် | ဆုံဆည်းမြိုင်၊ မြဝတီမြို့နယ် |
လှုပ်ရှားသည့် ဧရိယာ | ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ |
အင်အား | ၁,၅၀၀[3] |
မဟာမိတ် | ရခိုင်ပြည်တပ်မတော် |
ပြိုင်ဘက် | မြန်မာနိုင်ငံ အစိုးရ |
တိုက်ပွဲနှင့် စစ်ပွဲများ | ပြည်တွင်းသောင်းကျန်းမှုသမိုင်း
|
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တပ်မဟာ-၅ သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း လက်နက်ချရန် ငြင်းဆိုခဲ့သည်။[2]
လက်အောက်ခံ တပ်ရင်းများ
- တပ်ရင်း (၉ဝ၁)
- တပ်ရင်း (၉ဝ၄)
- တပ်ရင်း (၉ဝ၅)
- တပ်ရင်း (၉ဝ၆)
- တပ်ရင်း (၉ဝ၇)တို့ဖြစ်ကြသည်။
ကိုးကား
- Myanmar Peace Monitor: Stakeholders - DKBA-5။
- "Myanmar rebel armies join forces"၊ Al-Jazeera English၊ 2010-11-12။ 2010-11-12 တွင် ပြန်စစ်ပြီး။
- Myanmar Peace Monitor
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.