ဒူးဂဏန်း

ဒူးဂဏန်းရေးနည်း ဟူသည် ‘က၊ ခ’ စသော အက္ခရာများ၏ နေရာတွင် ‘၁၊ ၂၊ ၃’ စသော သင်္ချာ ကိန်းဂဏန်းများကို ဖလှယ်အသုံးပြု ရေးနည်းဖြစ်၏။ ဖလှယ်အသုံးပြု ရေးရာတွင် နည်းစနစ်ရှိသည်။ သတ်မှတ်ချက် ရှိသည်။ ယင်းနည်းစနစ် သတ်မှတ်ချက်များကို

“လောကဖွယ်ရာ၊ လူတို့ရွာ၌၊ မှတ်ပါထူးဆန်း၊ ဒူးဂဏန်းကို၊ ခွဲခြမ်းသေချာ၊ နိဒါန်းဖြာပိမ့်၊ ‘အစ်’ မှာကား ‘က’၊ ‘ဒွေး’ ကို ‘ခ’ တည့်၊ ‘င’ ကို ‘တြိန်း’၊ သင်္ချာကိန်းချ၊ ‘ဇေယျ-စတု’၊ ဆ-မူ-ပဉ္စ၊ ‘သော’ ကို ‘ညံ’ တည့်၊ ‘သတ္တံ-တ-ယူ’၊ ‘အုဋ်’ မူကား ‘ထ’၊ ‘နော’ ကို ‘န’ တည့်၊ ‘ပ’ ကို အစ်ဖော်၊ နှစ်ခုမြော်၏။ ဒွေးဖော်နှစ်ခု ‘ဖ’ ကိုယူလော့၊ သုံး -သုံးနှစ်ပါး၊ ‘မ’ ကိုထားမှ၊ ‘ယ’ ကား ‘ဇယ’၊ နှစ်ထပ်ပြ၏။ ပဉ္စဒွေးဖော် ရလျှင်ခေါ်၏။ လသော်တစ်မူ ‘သော’ ယှဉ်တူတည်း၊ ‘ဝ’ မူ သတ္တ၊ တူကွမတွာ၊ ‘သ’ မှာမှန်ငြား၊ လေးပါးအစွန်း၊ ဝန်းဝန်းထပ်လှောက်၊ သေးသေးပေါက်လော့ ”

ဟူ၍ ဖွဲ့ဆို လမ်းညွှန်ခဲ့သည်။ ယင်းကဗျာ လမ်းညွှန်ချက်ကို ပုံပြဇယားဖြင့် ဖော်ပြရလျှင်

|- | က||ခ||င||စ||ဆ||ည||တ||ထ||န|| |- | ၁||၂||၃||၄||၅||၆||၇||၈||၉|| |- | ပ ||ဖ ||မ ||ယ ||ရ ||လ ||ဝ ||သ ||ဟ ||အ |- | ၁||၂||၃||၄||၅||၆||၇||၈||၉||+ |- | ၁||၂||၃||၄||၅||၆||၇||၈||၉|| |} ဟူ၍ ‘က၊ ခ၊ င’ အက္ခရာများကို ‘၁၊ ၂၊ ၃’ ကိန်းဂဏန်းများဖြင့် ဖလှယ် ရေးသားထားကြောင်း ဖော်ပြသတ်မှတ်ခဲ့သည်။

ကိုးကား

ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား Archived 11 July 2011 at the Wayback Machine.

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.