နန်းလုံးကြိုင်ပင်

Item Name --------- Cassia Flower (နန်းလုံးကြိုင်)
Category ------------ Raw Material
Botany Term -------- Acacia farnesiana Willd
Species Family ----- Mimosaceae

မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် အလေ့ကျ ပေါက်ရောက်သည်။ ရခိုင်လို အဝေယာပင်ဟု ခေါ်သည်။ [1]

အပင်

အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၁၀-၁၂ ပေ ခန့်ထိမြင့် သည်။ အကိုင်းအ ခက်များပြီး ဆူးရှိသည်။ အကိုင်းအခက် များပြီး ဆူးရှိသည်။ အကိုင်း အခက် များ ဆစ်ချိုး ထွက်သည်။ ပင်စည်ပေါ် တွင် အညိုနုရောင် အစက်ကလေးများ ပါရှိသည်။ အခေါက်မှ အစေးထွက်သည်။ အခေါက် စိမ်းညိုရောင် ရှိသည်။

အရွက်

နှစ်ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်ကာ ရွက်ဆိုင်ထွက် သည်။ ရွက်မြွာ များသည် သေးငယ် သည်။ ရှည်မျောမျော ပုံသဏ္ဌာန် ရှိပြီး မျက်နှာချင်း ဆိုင် ထွက်သည်။ ရွက်ပြား နူးညံ့သည်။ အနားညီ သည်။


အပွင့်

အဝါရောင် ရှိ၍ သေးငယ်ပြီး ပန်းခိုင်ထိပ်တွင် ဘောလုံး သဏ္ဌာန်စု ပြုံ၍ထွက်သည်။ အနံ့မွှေး သည်။ တပေါင်းလ ဝါခေါင်လ အတွင်း ပွင့်သည်။

အသီး

အသီးတောင့် ဖြစ်၍ နှစ်ဖက် ချွန်ပြီး ပြောင်ချောသည်။ အညိုရင့် ရောင်ရှိသည်။ အခန်း ၄-၅ ခန်း ပါသည်။ တစ်ခန်းလျှင် အစေ့ တစ်စေ့စီ ပါရှိ၏။ အစေ့ အနည်းငယ် ပြား၍အညိုရောင်ရှိသည်။ နယုန်-ဝါဆို တွင် သီးသည်။

အသုံးဝင်ပုံ

အခေါက် ၊ အရွက်။

အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ အခေါက်သည် ခါး၏ ၊ ပူ၏ ၊ စပ်၏ ၊ အဆိပ်ကို ပယ်တတ်၏။ သွေးဖောက်ပြန်ခြင်း ၊ ယားယံခြင်း နှင့် အနာပေါက် ရောဂါတို့၌ အကျိုးပြု၏။အစေးသည် ချို၏။ ခွန်အားကို ဖြစ်စေ၏။ ကာမကို အားပေး၏။

အခေါက်အသုံးပြုပုံ

  • အခေါက်ကို ထက်ဝက်ခန်း အောင်ပြုတ်၍ ဖန်ရည် အဖြစ် ပလုတ် ကျင်းခြင်း၊ ငုံခြင်းပြု လုပ်ပါက သွားနာကျင် ခြင်း ၊ သွားဖုံးများ ရောင်ခြင်း ၊ သွားဖုံးများမှ ပြည်ယိုခြင်း နှင့် သွေးများ ယိုစီးခြင်း များပျောက်သည်။
  • အခေါက်ကို ပြုတ်၍ အနည်းငယ် မျှသောက်ပါက အလွန်အမင်း သွားသော ဝမ်းရောဂါ ပျောက်၏။

အရွက်အသုံးပြုပုံ

အရွက်ကို ကြိတ်၍ ဆီးကင်းခန့် လုံးပြီး နံနက်ည တစ်လုံးစီ သောက်က ညောင်းကျ ရောဂါ ပျောက်စေသည်။

ကိုးကား

  1. မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.