နပ်ကျူနီယမ်

နပ်ကျူနီယမ် (Neptunium) သည် ပလတ်စတစ်ကဲ့သို့ လိုရာပုံသွင်းနိုင်၍ ငွေရောင်ရှိရေဒီယိုသတ္တိကြွသော သတ္တုတစ်မျိုး ဖြစ်သည်။ နပ်ကျူနီယမ်သည် များစွားသော ဓာတုဗေဒဒြပ်ပေါင်းများကဲ့သို့ ဓာတ်ပြုခြင်း အားကောင်းသည်။ အောက်ဆီဂျင်၊ ရေငွေ့ ၊ အက်စစ်တို့ဖြင့် ဓာတ်ပြုနိုင်သော်လည်း pHတန်ဖိုး မြင့်မားသော အယ်ကာလီတို့နှင့်မူဓာတ်ပြုခြင်း မရှိပေ။

အသုံးပြုခြင်း

နပ်ကျူနီယမ်ကို နျူထရွန်ရှာဖွေရာတွင်အသုံးပြုသည်။ နျူထရွန်ဒြပ်ပေါင်းဖိုများ နျူကလီးယားလက်နက်များ တွင်လည်း လောင်စာကဲ့သို့ အသုံးပြုပါသည် ။ သဘာဝတွင် တွေရှိမှုအခြေအနေ နပ်ကျူနီယမ်သည် ကမ္ဘာမြေကြီးထဲတွင်သဘာဝအလျှောက် တည်ရှိနေတတ်သည် ။ ယူရေနီယမ် သတ္တုရိုင်း များတွင်လဲအနည်းငယ် ပါရှိနေတတ်ပါသည်။ယနေ့ခေတ်တွင် နပ်ကျူနီယမ် ၂၃၇ ကို နျူဓာတ်ပေါင်းဖိုများတွင် ယူရေနီယမ်လောင်စာတောင့်များ သုံးစွဲရန်အလို့ငှာ ကီလိုဂရမ်ပမာဏ များစွာအထိထုတ်ယူနေနိုင်ပြီဖြစ်ပါသည် ။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

နပ်ကျူနီယမ်ကြောင့် အရိုးကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သည်။ ခန္ဓာကိုယ်ထဲတွင်ရှိသော နပ်ကျူနီယမ်အများစုသည် အရိုးထဲမှာ အနည်ထိုင်ကျန်ရစ်လေ့ရှိသည်။ အချို့မှာ အသည်းထဲတွင် ရှိနေတတ်သည် ။ လေ့လာချက် မှတ်တမ်းများအရ တိရစ္ဆာန်များရဲ့ အဒရီနယ် ဂလင်း (ကျောက်ကပ်အနီးရှိအကြိတ်ဖုလေးများ) များထဲတွင် နပ်ကျူနီယမ်အများအပြား ပါဝင်နေသည်ကိုတွေ့ရှိသည်။ ၁၉၈၄ခုနှစ်တွင် ဂျာမန်သိပ္ပံပညာရှင်အဖွဲ့တစ်ခုက အရိုးထဲတွင်ရှိသော နပ်ကျူနီယမ်-၁၂၉ များသည် ခန္ဓာကိုယ်ထဲတွင် အနည်ထိုင်ကျန်ရစ်ပြီး ပလျူတိုနီယမ်-၂၃၉အဖြစ် ပြိုကွဲသွားသော ပြောင်းလဲမှုတစ်ခုကို စမ်းသတ်တိုင်းတာဖော်ထုတ်ခဲ့ပါသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.