နာဟန်နီ အမျိုးသားဥယျာဉ်

နာဟန်နီ အမျိုးသားဥယျာဉ် သည် ကနေဒါနိုင်ငံ အနောက်မြောက်ပြည်နယ် ဒက်ရှိုးဒေသ အတွင်း တည်ရှိပြီး အနောက်မြောက်ပြည်နယ်၏ မြို့တော် ယဲလိုးနိုက်ဖ်မြို့ မှ ၃၁၁ မိုင် (၅၀၀ ကီလိုမီတာခန့်) အကွာတွင် တည်ရှိသည်။ မက္ကင်ဇီတောင်ကုန်း သဘာဝဒေသ၏ တစိတ်တပိုင်းကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ အမျိုးသားဥယျာဉ်၏ အဓိက ကျသော အစိတ်အပိုင်းမှာ တောင်နာဟန်နီမြစ် ဖြစ်သည်။ ပေ ၃,၃၀၀ (မီတာ ၁,၀၀၀) အထိ နက်သော ပထမ၊ ဒုတိယ၊ တတိယ နှင့် စတုတ္ထဟု အမည်မှည့်ခေါ်ထားသော ချောက်ကြီး ၄ ခုကို အလွန် ကြည့်ကောင်းသော ဝှိုက်ဝါးတားမြစ်နှင့် အတူတွေ့မြင်နိုင်သည်။ နာဟန်နီ ဆိုသော အမည်မှာ ဒေသခံ ဒင်းန် ဘာသာစကားဖြင့် မှည့်ခေါ်ထားခြင်း ဖြစ်ပြီး နာဟာလူမျိုးတို့၏ မြေအတွင်းရှိ မြစ် ဟု အဓိပ္ပာယ်ရသည်။ အချို့က ထိုလူတို့သည် ယနေ့ခတ် နာဗာဂျို လူမျိုးတို့၏ ဘိုးဘေးများဖြစ်မည်ဟု ခန့်မှန်းကြသည်။

နာဟန်နီ အမျိုးသား ဥယျာဉ်
IUCN category II (အမျိုးသားဥယျာဉ်)
ဗာဂျီးနီးယား ရေတံခွန်
တည်နေရာအနောက်မြောက်ပြည်နယ် ၊ ကနေဒါနိုင်ငံ
အနီးဆုံး မြို့ဖို့ဒ်ဆင်ပဆမ်
ဖို့ဒ်လီယာ့ဒ်
နာဟန်နီဘာ့တ်
ကိုဩဒိနိတ်61°32′50″N 125°35′22″W
ဧရိယာ၃၀,၀၅၀ km2 (၁၁,၆၀၀ sq mi)[1]
ဖွဲ့စည်း၁၉၇၂
အုပ်ချုပ်ရေးပါ့ခ်ကနေဒါ
နာဟန်နီ အမျိုးသား ဥယျာဉ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  ကနေဒါ
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii, viii
ကိုးကား ၂၄
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၈  (ဒုတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.