နိရောဓသစ္စာ
နိရောဓသစ္စာ သည် ဆင်းရဲ-ချုပ်ရာအမှန်ကို နိရောဓသစ္စာ၊ (နိဗ္ဗာန်) There is the cessation of suffering (dukkha-nirodha) ဟူ၍ ဗုဒ္ဓမြတ်ဘုရား ဟောကြားတော်မူပါသည်။ ဓမ္မစကြာသုတ်တွင် နိရောဓသစ္စာ ၌ သစ္စဉာဏ်၊ ကိစ္စဉာဏ် ၊ ကတဉာဏ် ဟူ၍ ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူပါသည်။ တဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။ ဒုက္ခသစ္စာ၌ သစ္စဉာဏ်၊ ဒုက္ခသစ္စာ၏ ကိစ္စဉာဏ်၊ ဒုက္ခသစ္စာ၌ ကတဉာဏ် သမုဒယ သစ္စာ၌ သစ္စဉာဏ်၊ သမုဒယသစ္စာ၌ ကိစ္စဉာဏ်၊ သမုဒယသစ္စ၏ ကတဉာဏ် နိရောဓသစ္စာ၌ သစ္စဉာဏ်၊ နိရောဓသစ္စာ၏ ကိစ္စဉာဏ်၊ နိရောဓသစ္စာ၌ ကတဉာဏ် မဂ္ဂသစ္စာ၌ သစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကတဉာဏ် စသည့် ဘုရားမဖြစ်မီ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရာ သစ္စာတရားတို့ကို ဟောကြားတော်မူပါသည်။ ဤသစ္စာလေးပါးတို့၌ ဤသို့သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် သုံးပါးသော အပြန်ရှိသော သုံးပါးလေးလီဖြစ်၍ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဟုတ်မှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည် ငါ့အားအလွန်သန့်ရှင်းစင်ကြယ်၏။ လူနှင့်တကွ သတ္တလောက၌ အတုမရှိသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်တော်မူပြီး၍ ဘုရားဖြစ်ကြောင်း ဝန်ခံတော်မူပါသည်။ ဝါဆိုလပြည့်နေ့သည် ထူခြားသည့် အကြောင်းအရာများ ရှိပါသည်။ ဂေါတမဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့ဖြစ်ခြင်း၊ ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား တောထွက်တော်သော နေ့ဖြစ်ခြင်း၊ ဓမ္မစကြာ တရားဦးကို စတင်ဟောတော်မူသော နေ့ဖြစ်ခြင်း ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်ခြင်း၊ ဘုရားအဖြစ်ဝန်ခံတော်မူသော နေ့ဖြစ်ခြင်း၊ တရားရတနာ စတင်ပေါ်ပေါက်သော နေ့ဖြစ်ခြင်း၊ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်ခြင်း၊ “ဧဟိဘိက္ခု” ဟူသော စကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသည့် ဓမ္မစကြာတရားတော်ကို ကြားနာရသည့် ပဉ္စဝဂ္ဂီငါးဦးတို့သည် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ဝါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် အရှင်အဿဇိ မဟာထေရ်မြတ်ကြီးများ အသီးသီး သောတပန်ဖြစ်တော်မူပြီး တရားထူး၊ တရားမြတ်ကို ရရှိတော်မူကြပါသည်။[1][2]