နိုဗာစကိုးရှားပြည်နယ်

နိုဗာစကိုးရှား ပြည်နယ်သည် ကနေဒါနိုင်ငံ၏ ပင်လယ်ပိုင်း ပြည်နယ် ၃ ခု အတွင်းမှ တစ်ခု ဖြစ်ပြီး အတ္တလန္တိတ် ကနေဒါ ပြည်နယ် ၄ ခု အတွင်းမှ တစ်ခု လည်း ဖြစ်သည်။[1] ပြည်နယ်၏ မြို့တော်မှာ ဟယ်လီဖက်စ်မြို့ ဖြစ်သည်။ နိုဗာစကိုးရှားသည် ကနေဒါတွင် ဒုတိယမြောက် အသေးငယ်ဆုံး ပြည်နယ် တစ်ခု ဖြစ်ပြီး ကိပ် ဘရက်တန် ကျွန်း နှင့် အခြား ကျွန်း ၃,၈၀၀ အပါအဝင် ၂၁,၃၀၀ စတုရန်းမိုင် (၅၅,၂၈၄ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသည်။ ၂၀၁၁ တွင် လူဦးရေ ၉၂၁,၇၂၇ ဦး ရှိသဖြင့်[2] ကနေဒါတွင် ဒုတိယမြောက် လူနေသိပ်သည်းမှု အထူထပ်ဆုံး ပြည်နယ် တစ်ခု ဖြစ်သည်။


ကိုးကား

  1. A new Nova Scotia
  2. Population and dwelling counts, for Canada, provinces and territories, 2011 and 2006 censuses Statcan.gc.ca (January 24, 2012)။ April 3, 2012 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.