နီကယ်

နီကယ် (အင်္ဂလိပ်: Nickel) သည် ငွေဖြူရောင်ရှိပြီး မာကျောသော၊ နန်းဆွဲခံနိုင်သော၊ အပြားအဖြစ်ပြုလုပ်နိုင်သော သတ္တုဖြစ်သည်။ ၎င်းသည် သံအုပ်စုဝင်သတ္တုတစ်မျိုးဖြစ်ပြီး လွန်စွာအရောင်တောက်သည်။ အပူနှင့် လျှပ်စစ်အသင့် တင့်စီးနိုင်သည်။ အခြားသောပေါင်းစီးကိန်း (Balances)များ ရှိသော်လည်း နီကယ်ဒြပ်ပေါင်းများ တွင် အဓိက အားဖြင့် ပေါင်းစီးကိန်းနှစ်မျိုးကိုသာ အသုံးပြုကြသည်။ နီကယ်သည် ရှုပ်ထွေးသောဒြပ်ပေါင်း အတော်များများကိုလည်း ဖွဲစည်းနိုင်သည်။ နီကယ်ဒြပ်ပေါင်းအများစုသည် အပြာရောင် သို့မဟုတ် အစိမ်းရောင် ရှိကြသည်။ နီကယ်သည် အက်ဆစ်ပျော့တွင် နှေးကွေးစွာ ပျော်ဝင်သည်။ သို့သော် နိုက်ထရစ်အက်ဆစ်တွင်မူ သံကဲ့သို့ပင် ဓာတ်ပြုခြင်းဖြစ်ပွားသည်။ အရည် အသွေးမြင့်နီကယ်များသည် ဟိုက်ဒရိုဂျင်ကို ၎င်း၏ မျက်နှာပြင်ပေါ်တွင် စုပ်ယူထားနိုင်စွမ်းရှိသည်။ နီကယ်ကို သတ္တုစပ်များထုတ်လုပ်ရာတွင် အဓိက အသုံးပြုကြသည်။ နီကယ်သတ္တုစပ်များကို ၎င်းတို့၏ မာကြောမှု၊ နန်းဆွဲခံနိုင်မှု၊ ပွတ်တိုက်စားခြင်းမှ ကာကွယ်နိုင်မှုတို့ပေါ်မူ တည်၍ ခွဲခြားနိုင်သည်။

နီကယ်,  28Ni
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတနီကယ်, Ni
အသံထွက်/ˈnɪkəl/
NIK-əl
အဆင်းlustrous, metallic, and silver with a gold tinge
ဒြပ်စင်အလှည့်ကျဇယားရှိ နီကယ်


Ni

Pd
ကိုဘော့နီကယ်ကြေးနီ
အက်တမ် အမှတ်စဉ် (Z)28
အုပ်စုဘလော့group 10, d-block
ဒြပ်စင်အလှည့်ကျဇယားperiod 4
ဒြပ်စင် ကဏ္ဍ  transition metal
စံ အက်တောမစ် အလေးချိန် (±) (Ar)58.6934(4)[1]
အီလက်ထရွန် ပြုပြင်မှု[Ar] 3d8 4s2 or [Ar] 3d9 4s1
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 16, 2 or 2, 8, 17, 1
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1728 K (1455 °C, 2651 °F)
အရည်ဆူမှတ်3003 K (2730 °C, 4946 °F)
သိပ်သည်းမှု (အခန်းအပူချိန်)8.908 g/cm3
7.81 g/cm3
ဖျူးရှင်းအပူ17.48 kJ/mol
အငွေ့ပျံခြင်း အပူ379 kJ/mol
မိုလာ အပူအင်အား26.07 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1783 1950 2154 2410 2741 3184
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ4,[2] 3, 2, 1,[3] −1, −2 (a mildly base oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.91
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 737.1 kJ/mol
2nd: 1753.0 kJ/mol
3rd: 3395 kJ/mol
(more)
အက်တောမစ် အချင်းဝက်empirical: 124 pm
ကိုဗေးလန့်အချင်းဝက်124±4 pm
ဗန်ဒါဝေါ့စ် အချင်းဝက်163 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ face-centered cubic (fcc)
အသံ၏အမြန်နှုန်း ပါးလွှာသော သံချောင်း4900 m/s (at r.t.)
အပူ ပြန့်ကားမှု13.4 µm/(m·K) (at 25 °C)
အပူစီးကူးမှု90.9 W/(m·K)
လျှပ်စစ် ခုခံမှု69.3 nΩ·m (at 20 °C)
သံလိုက်ဓာတ်ferromagnetism
Young's modulus200 GPa
Shear modulus76 GPa
Bulk modulus180 GPa
ပိုင်ဆွန် အချိုး0.31
Mohs hardness4.0
Vickers hardness638 MPa
Brinell hardness667–1600 MPa
CAS Number7440-02-0
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းAxel Fredrik Cronstedt (၁၇၅၁)
Most stable isotopes of နီကယ်
iso NA သက်တမ်းဝက် DM DE (MeV) DP
58Ni 68.077% is stable with 30 neutrons
59Ni trace 7.6×104 y ε 0.0506 59Co
60Ni 26.223% is stable with 32 neutrons
61Ni 1.140% is stable with 33 neutrons
62Ni 3.635% is stable with 34 neutrons
63Ni syn 100 y β 0.0669 63Cu
64Ni 0.926% is stable with 36 neutrons

အသုံးပြုခြင်း

ကမ္ဘာ့ နောက်ခြမ်း နီကယ်သုံးစွဲမှု၏ ၆၅% မှာ သံမဏိပြုလုပ်ရန်ဖြစ်ပြီး ၎င်းသံမဏိများ ဖွဲ့စည်းမှု၏ အချိုး အစားမှာ အမျိုးမျိုးဖြစ်နိုင်သည်။ သို့သော် ခရိုမီယမ် ၁၈ ရာခိုင်နှုန်း နှင့် နီကယ် ၈ ရာခိုင်နှုန်း ပေါင်းစပ်ထားသော သံမဏိသည် အဓိက ဖြစ်သည်။ နီကယ်အားလုံး ၏ ၁၁ ရာခိုင်နှုန်း ကို အထူးသတ္တုစပ်များထုတ်လုပ်ရာတွင် အသုံးပြုသည်။ ကျန်ရှိ သောနီကယ်များ၏ ၂၃ ရာခိုင်နှုန်း ကို သံမဏိသတ္တုစပ်များ ပြန်လည်အားသွင်းနိုင်သော ဘက်ထရီများ၊ ဓာတ်ကူပစ္စည်းများ၊ အခြားသော ဓာတုထုတ်ကုန်များ နှင့် ကြေးနီစပ်ပစ္စည်းများ၊ ပလိတ်ပြားများ စသည်တို့ထုတ်လုပ်ရာတွင် အသုံးပြုကြသည်။ နီကယ်ကို ဝါယာကြိုးများ ပြုလုပ်ရာတွင် အဓိက အသုံးပြုနိုင်သည်။ နီကယ်သည်မြင့်မား သော အပူချိန်၌ပင် တိုက်စား ပျက်စီးမှုမှ ကာကွယ်နိုင်သည်။ ထို့ကြောင့် ၎င်းကို ဓာတ်ငွေ့တာဘိုင်များနှင့် ရောကက်(Rocket)အင်ဂျင်များတွင် အသုံးပြုကြသည်။ မိုနက် (Monel = 70%Ni+30%Cu) သတ္တုစပ်သည် မာကျောရုံသာမက ပင်လည်ရေ တိုက်စားပျက်စီးခြင်းမှလဲ ကာကွယ်ပေးနိုင်သည်။၎င်းကို လှေ၊သင်္ဘောတို့၏ ပန်ကာဝင်ရိုးများ အဖြစ်လည်းကောင်း၊ ရေချိုထုတ်စက်ရုံများတွင်သုံးသော ပန်ကာဝင်ရိုး အဖြစ်လည်းကောင်း အသုံးပြုသည်။

ပတ်ဝန်းကျင်တွင်တွေ့ရှိမှုအခြေအနေ

ဒတ်ငွေ အကြွေစေ့များအား သန့်စင်သည့် နီကယ်ဖြင့် ပြုလုပ်ထား

ကမ္ဘာ့အတွင်းဆုံးအပိုင်း ကျောက်ရည်ပူများတွင် နီကယ်သည် ၁၀ ရာခိုင်နှုန်း ပါဝင်နေသည်။ ထို့ကြောင့် နီကယ်အများစု ကိုထုတ်ယူမရနိုင်ပေ။ နီကယ် တန်ပေါင်း ၈ ဘီလီယန်ခန့် ၎င်းကျောက်ရည်ပူများတွင် ပျော်ဝင်နေသည် ဟုတွက်ယူရရှိသည်။ အော်ဂင်းနစ်ပစ္စည်းများသည် သတ္တုများကို စုပ်ယူလေ့ရှိသည်။ ထို့ကြောင့် ကျောက်မီးသွေးနဲ့ ရေနံတို့တွင် သတ္တုပမာဏ များစွာပါဝင်သည်။ မြေဆီလွှာတွင် နီကယ်ပါဝင်နှုန်းမှာ ၀.၂ PPM(Parts Per Million)ဖြစ်သည်။ အချို့သော ရွှံ့နှင့် သဲဆန်သောမြေများတွင် ၄၅၀ PPMပါဝင်သည်။ ပျမ်းမျှအားဖြင့် ကမ္ဘာ့မြေဆီလွှာတွင် ၂၀ PPMပါဝင်သည်။ အချို့သော ပဲများတွင် နီကယ်ကိုတွေ့ရှိရပြီး ၎င်းပဲများတွင်နီကယ်သည် အချို့သောအင်ဇိုင်းများ အတွက်မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်နေပြန်သည်။ လက်ဖက်ရွက်ခြောက်များတွင်လည်း နီကယ်သည် ရ.၆ mg/kg ပမာဏနှုန်းပါဝင်သည်။ နီကယ်သည် တွင် ဆာလဖာနဲ့ ပေါင်းစပ်၍ မီလာရိုက်(millerite=NiS) သတ္တုရိုင်းအဖြစ် လည်းကောင်း၊ အာဆင်းနစ်နဲ့ ပေါင်းစီး၍နီကိုလိုက်(niccolite=NiAs) သတ္တုရိုင်းအဖြစ် လည်းကောင်း၊ အာဆင်းနစ်၊ ဆာလဖာတို့နှင့် ပေါင်းစီး၍ နီကယ်ဂလန့်(Nickel glance=NiAsS) သတ္တုရိုင်းအဖြစ် လည်းကောင်း တွေ့ရှိရသည်။ နီကယ်ထုတ်ယူပြီးသွားသော သံရိုင်းအများစုကို အိုင်းရွန်းနီကယ်ဆာလဖိုဒ် ဟုခေါ်ကြသည်။ နီကယ်ကို ရုရှား၊ ဩစတျေးလျား ၊နယူး ကလီဒိုးနီးယား၊ ကျူးဘား၊ ကနေဒါနှင့် တောင်အာဖရိကတို့တွင် တွေ့ရှိရသည်။ နှစ်စဉ်ထုတ်လုပ်မှုမှာ တန် ၅၀၀ ကျော်သည်။ ယင်းစံနှုန်း အတိုင် နောင် နှစ်၅၀ ခန့် အထိ ထုတ်ယူရရှိမည်ဟု ခန့်မှန်းကြသည်။

ကျန်းမာရေးအပေါ် သက်ရောက်မှုများ

နီကယ် အထူးသတ္တုစပ်ဖြင့် ပြုလုပ်ထားသည် ဂျက်အင်ဂျင် (RB199)၏ တာဘိုင် ဘလိတ်တစ်ခု

နီကယ် (Nickel)သည် ပတ်ဝန်းကျင်တွင် အလွန်အတွေ့နည်းသော ဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ နီကယ်ကိုနေရာ အမျိုးမျိုးတွင် အသုံးပြုကြသည်။ သံမဏိနှင့် သတ္တုထုန်ကုန်ပစ္စည်းများတွင် အဓိပါင်သော ပစ္စည်းဖြစ်သည်။ နီကယ်သည် စတီးနှင့်အခြားသော သတ္တု ထုတ်ကုန်ပစ္စည်းများတွင် မရှိမဖြစ် လိုအပ်သည်။ အစား အစာများတွင် နီကယ်သည် သဘာဝအားဖြင့် အနည်းငယ်ပါဝင်သည်။ ချောကလက်နဲ့ အဆီများတွင် ပမာဏများများ ပါဝင်သည်။ မသန့်စင်သောမြေဆီလွှာမှထွက်ရှိသော အသီးအနှံများကို များစွာစားသုံးခြင်းသည် လူတို့တွင် နီကယ် စားသုံးမှုမြင့် မားလာစေသည်။ အပင်များတွင် နီကယ်များ စုပုံနေတက်သည်။ ဆေးလိပ်သောက်သူများ ၏အဆုတ်တွင် နီကယ်များစွာရှိနေနိုင်သည်။ ထို့အပြင်ဆပ်ပြာမှုန့်တွင်လည်း နီကယ်ပါဝင်သည်။ အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အသက်ရှုသောလေနဲ့ သောက်ရေတို့မှလဲ နီကယ်ကိုထိတွေ့နိုင်သည်။ နီကယ်ပါဝင်သော မသန့်ရှင်းသည့် ရေသို့မဟုတ် မြေဆီလွှာတို့ကို အရေပြားဖြင့်ထိတွေ့ခြင်းသည် နီကယ်ထိတွေ့မှုပင်ဖြစ်သည်။ လူတို့ အတွက် နီကယ်ပမာဏ အနည်းငယ်သည် မရှိမဖြစ်ဟု ယူဆ ရသော်လည်း အလွန်အကျွံစားသုံးမိလျှင် ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သည်။ နီကယ် (Nickel) အလွန် အကျွံစားသုံးမှုသည် အောက်ပါရလဒ်များကိုဖြစ်ပွားစေပါသည်။

  • အဆုတ်၊နှာခေါင်း၊ အသံအိုးနှင့် လိင်အင်္ဂါကင်ဆာများ
  • ဖျားနာခြင်း စိတ်မငြိမ်ခြင်း(နီကယ်ဂက်စ်များနဲ့ ထိတွေ့လျှင်)
  • အဆုတ်တွင် ပိတ်ဆို့မှုများ
  • အဆုတ်လုပ်ငန်းစဉ်များ ပျက်စီးခြင်း
  • ကိုဝန်ပျက်ကျ မှုများ
  • ပန်းနာနှင့် နာတာရှည်လည်ချောင်းနာများ
  • အရေ ပြား အလားဂျစ်(Allergic)
  • နှလုံးခုံနှုန်း မမှန်ခြင်းများ

စသည်တို့ ဖြစ်သည်။

နီကယ် အနံ့သည် အသက်ရှုမှု လုပ်ငန်းစဉ်များကို ထိခိုက်စေပြီး အဆုတ်တစ်သျှူးများကိုလည်း ပျက်စီးစေသည်။ နီကယ်ထုတ်ကုန်များနှင့် နီကယ်ဒြပ်ပေါင်းများမှ ယားယံမှုကိုလည်းဖြစ်ပွားစေသည်။ ယားယံခြင်း၏ပထမ လက္ခဏာမှာ ပုံမှန်ယားယံမှုဖြစ်ပြီး ၎င်းမှာ ခုနှစ်ရက်ဆက်တိုက်ဖြစ်ပွားပြီး အသား အရေနီရဲခြင်းများ ဖြစ်ပွားလာသည်။ အဓိက အချက်မှာ အသား အရည်ကိုဆက်တိုက် ပျက်စီးစေခြင်းပင်ဖြစ်သည်။ နီကယ်ထိတွေ့မှုမှာ လိုအပ်သော်လဲ ၎င်းမှာသန့်ရှင်းရန်လိုသည်။ နိုင်ငံတကာ နည်းပညာ အစီအစဉ်အရ စာရင်းပြုစုထားသောနီကယ်ဒြပ်ပေါင်းများသည် ကာစီနာဂျင်း(Carcinogens) ဟုခေါ်သော ဂျင်းစ်(Gens) များ ထိခိုက်ပျက်စီးစေနိုင်သည်ဟု တွေ့ရှိရသည်။ နိုင်ငံတကာ ကင်ဆာသုတေသန အဖွဲ့မှ နီကယ်ဒြပ်ပေါင်းများကို အုပ်စုနှစ်ခုခွဲ ထားခဲ့ကြသည်။ ပထမ အုပ်စုမှာ လူတွင် ကာစီနိုဂျင်းဖြစ်စေနိုင်သော အုပ်စုနှင့် ဒုတိယ အုပ်စုမှာ ကာစီနိုဂျင်းဖြစ်စေရန် အားပေးနိုင်သော အုပ်စုဟူ၍ဖြစ်သည်။ ACGH (လုပ်ငန်းခွင်လုံခြုံရေးနဲ့ ကျန်းမာရေးအဖွဲ့) က လည်း နီကယ်သည် ကာစီနိုဂျင်ဖြစ်ပွားစေသည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် နီကယ်သည် လူသားအား ကာစီနိုဂျင်းဖြစ်ပွားစေသော အကြောင်း အရာ တစ်ခု အဖြစ် အတည်ပြုခဲ့ကြသည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ

နီကယ် (Nickel)သည် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အမှိုက်များ မီးလောင်(ရှို့) ခြင်းတို့မှ လေထဲသို့ ရောက်ရှိသည်။ ထို့နောက် ၎င်းနီကယ်များသည် မိုးရေများနှင့် ဓာတ်ပြုကာ မြေကြီးထဲတွင် အနည်ထိုင်ကြသည်။ ၎င်း နီကယ်များ လေထုထဲမှ ထွက်ခွာသွားရန် အချိန်ကြာမြင့်စွာ လိုအပ်သည်။ နီကယ်များကို ရေဆိုးများ ပြန်လည်သန့်စင်ခြင်းမှသာ ရေမျက်နှာပြင်မှ ဖယ်ရှားနိုင်သည်။ ပတ်ဝန်းကျင်သို့ရောက်ရှိလာသော နီကယ် ဒြပ်ပေါင်း အများစုသည် မြေမှုန်များတွင် စုဝေးနေပြီး မရွေ့ရှားနိုင်သော ပစ္စည်းဖြစ်လာသည်။ အက်ဆစ်ဆန်သော မြေများတွင် ရွေ့လျားနိုင်ပြီး နောက်ဆုံးတွင် မြေအောက်ရေဆီသို့ရောက်ရှိသွားသည်။ နီကယ်၏ သေးငယ်သော သက်ရှိများ အပေါ်တွင် သက်ရောက် မှုမှာ လူတို့ အပေါ်သက်ရောက်မှုလောက် မကြီးမားပေ။ နီကယ်ပါဝင်မှုမြင့်မားသော သဲမြေသည် အပင်များကို သိသာစွာ ပျက်စီးစေပြီး နီကယ်ပါဝင်မှုမြင့်မားသော ရေထဲတွင် Algae များကြီးထွားနှုန်းကိုဟန့်တားနိုင်သည်။ မိုက်ခရို အော်ဂနစ်ဆင်မ် များသည် နီကယ်များကြောင့် ကြီးထွားဖွံ့ဖြိုး မှု နှောင့် နှေးစေသော်လည်း အတန်ငယ်ကြာသော အခါ နီကယ်ဒဏ်ကိုခံနိုင်လာသည်။ တိရစ္ဆာန်များ အတွက် နီကယ်သည်ပမာဏ အနည်းငယ် မရှိမဖြစ်လိုအပ်သည်။ သို့ သော် ပမာဏများ စွာစားသုံးပါက အန္တရာယ်ဖြစ်စေနိုင်သည်။ များစွာ စားသုံးခြင်းကြောင့် တိရစ္ဆာန်များ၏ ကိုယ်ခန္ဓာ အစိတ် အပိုင်းများ၌ ကင်ဆာအမျိုးမျိုး ဖြစ်စေနိုင်သည်။ အဓိက အားဖြင့်မူ ကုန်ကြမ်းသန့်စင်သော နေရာ များ အနီးရှိ တိရစ္ဆာန်များတွင် ဖြစ်ပွားစေသည်။ နီကယ်စုပုံခြင်း( အပင်များနဲ့ တိရစ္ဆာန်များတွင်) ကို လူသားတို့ သိသင့်သည်။ နီကယ်သည် Food Chain ကိုဇီဝသက်ရောက်မှု ကြီးစွာ မရှိပေ။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. "A Stable Tetraalkyl Complex of Nickel(IV)" (2009). Angewandte Chemie International Edition 48 (2). doi:10.1002/anie.200804435.
  3. "A Dinuclear Nickel(I) Dinitrogen Complex and its Reduction in Single-Electron Steps" (2009). Angewandte Chemie International Edition 48 (18). doi:10.1002/anie.200805862.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.