နေမျိုးနော်ရထာ

နေမျိုးနော်ရထာသည် ကုန်းဘောင်ခေတ်မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပထမဆုံး ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်သည် အလောင်းဘုရား၏ လက်ရွေးစင် ခြောက်ကျိပ်ရှစ်ယောက်တွင် ပါဝင်ခဲ့သူဖြစ်ပြီး ၁၇၅၂ ခုနှစ် ဟံသာဝတီကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ပါဝင်ခဲ့သည်။ နောင်တွင်စစ်သူကြီးဖြစ်လာမည့် သူ့အား မူးမြစ်ကမ်းရှိ ခင်လတ် ဆိုသော ရွာကလေးတွင် ဖွားမြင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ဖြစ်သည်။[1]

နေမျိုးနော်ရထာ
မွေးဖွားခင်လတ်ရွာ၊ မူးမြစ်ကမ်း
သစ္စာခံနိုင်ငံကုန်းဘောင်ခေတ်
လက်နက်ကိုင်တပ်မြန်မာဘုရင့်တပ်မတော်
အမှုထမ်း ကာလမေလ ၁၇၅၇
ရာထူးဗိုလ်ချုပ်
တိုက်ပွဲ/စစ်ပွဲများကုန်းဘောင် – ဟံသာဝတီစစ်
ဆုတံဆိပ်များမင်းကျော်စည်သူ
အခြား အလုပ်ရန်ကုန်မြို့စား


အလောင်းမင်းတရားသည် ဒဂုံဟုခေါ်သော မြို့အား သိမ်းပိုက်ပြီး ရန်ကုန်ဟု သမုတ်ကာ ၎င်းနိုင်ငံတော်၏ ဆိပ်ကမ်းမြို့အဖြစ်သတ်မှတ်ပြီး စစ်သူကြီး နေမျိုးနော်ရထာအား ၂၄ မေလ ၁၇၅၇ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၁၉ ခု နယုလဆန်း ၇ ရက်)တွင် မြို့စားအဖြစ် ခန့်အပ်ခဲ့သည်။[2]

ကိုးကား

  1. လက်ဝဲနော်ရတာနှင့် တွင်သင်းတိုက်ဝန် (၁၇၇၀)။ လှသမိန် (ed.)။ အလောင်းဘုရား အရေးတော်ပုံကျမ်း (၁၉၆၁ ed.)။ ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ရုံး။ p. ၃၅။
  2. အလောင်းဘုရားအရေးတော်ပုံကျမ်း၊ စာမျက်နာ ၂၂၂
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.