ရန်ကုန်မြို့တော်ဝန်

ရန်ကုန်မြို့တော်ဝန်သည် ရန်ကုန်မြို့ကို အုပ်ချုပ်ရသော အဓိကအစိုးရအဖွဲ့၏ ဦးဆောင်သူဖြစ်သည်။ မြို့တော်ဝန်သည် မြို့တော်ဝန်ရာထူးနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ထမ်းဆောင်သည်။[1]

ရန်ကုန်မြို့တော် ၏

မြို့တော်ဝန်


ရန်ကုန်မြို့တော်ဝန်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဦးမောင်မောင်စိုး

၅ ဧပြီ ၂၀၁၆ မှစ၍
ပုံစံHis/Her Excellency
အဖွဲ့ဝင်ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
အဆိုပြုသူရန်ကုန်တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်
ခန့်အပ်သူပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတ
သက်တမ်း၅ နှစ်

သမိုင်း

ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေးကော်မတီကို ဗြိတိသျှကိုလိုနီခေတ် ၁၈၇၄ ခုနှစ် အက်ဥပဒေ၊ အပိုဒ် ၇ အရ ၁၈၇၄ ခုနှစ်တွင် စတင်ခန့်အပ်ခဲ့သည်။ စည်ပင်သာယာကော်မတီအမိန့်ပြန်တမ်းကို ၁၀၉၀ ဗမာအက်ဥပဒေအရ ပြောင်းလဲခဲ့ပြီး ၁၉၂၂ ခုနှစ် ဩဂုတ်လ ရန်ကုန်မြို့တော်မြူနီစပါယ်အက်ဥပဒေအရ အဆင့်မြှင့်တင်ခဲ့သည်။[2]


ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ

စဉ် မြို့တော်ဝန်အမည် စတင်တာဝန်ထမ်းဆောင်ခဲ့ တာဝန်ပြီးဆုံးခဲ့
နေမျိုးနော်ရထာ[3] ၁၇၅၇ ?
David Sophaer
Charles Haswell Campagnac
Richard Rushall ၁၉၃၀ ၁၉??
ဘဝင်း[4] ၁၉၃၉ ၁၉??
တင်ဖေ[5] ၁၉၈၅ ၁၉၈၆
အောင်ခင် ၁၉၈၆ ၁၉၈၈
ကိုလေး ၁၉၈၈ ၂၀၀၃
အောင်သိန်းလင်း ၂၀၀၃ ၂၀၁၁
လှမြင့် ၂၀၁၁ ၂၀၁၆
မောင်မောင်စိုး ၂၀၁၆

ကိုးကား

  1. The City of Yangon Development Law The State Law and Order Restoration Council (14 May 1990)။ 15 November 2016 တွင် ပြန်စစ်ပြီး။
  2. Myanma Swezon Kyan Vol. 11 1970: 271
  3. Letwe Nawrahta and Twinthin Taikwun (c. 1770)။ Hla Thamein (ed.)။ Alaungpaya Ayedawbon (Burmeseဘာသာစကားဖြင့်) (1961 ed.)။ Ministry of Culture, Union of Burma။ p. 222။CS1 maint: unrecognized language (link)
  4. "Rotary Returns to Rangoon" (Sep 1946) 69 (3). Rotary International. ISSN 0035-838X.
  5. History of Yangon yangoncity.com။ 2011-04-07 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.