နေဝင်းမြင့်
နေဝင်းမြင့်သည် အမျိုးသားစာပေဆု ၃ ကြိမ်ရ မြန်မာ စာရေးဆရာဖြစ်ပြီး ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ၌ အဖ-ဦးဘရွှေ၊ အမိ-ဒေါ်သိန်းတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဝင်းမြင့်(ခ)ခင်မောင်ဝင်းဖြစ်သည်။ ဇနီး- စာရေးဆရာမ ခင်ခင်ထူးနှင့်အတူ မန္တလေးမြို့တွင်နေထိုင်ရင်း စာပေများ ရေးသားပြုစုနေသည်။ ကလောင်အမည်ကွဲများမှာ ဝင်းဖွေး၊ အောင်မောင်း စသည်တို့ ဖြစ်သည်။ နေဝင်းမြင့်၏ ဖုန်းနံပါတ်မှာ ၀၉၂၀၁၃၂၆၆ ဖြစ်သည်။
နေဝင်းမြင့် | |
မွေးသက္ကရာဇ် | ၁၉၅၂ - ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့ |
မိဘများ | အဖ-ဦးဘရွှေ၊ အမိ-ဒေါ်သိန်း |
အမည်ရင်း | ဝင်းမြင့်(ခ)ခင်မောင်ဝင်း |
နိုင်ငံသား | |
မွေးရာဇာတိ | မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ |
အလုပ်အကိုင် | စာရေးဆရာ၊ |
ထင်ရှားကျော်ကြားမှု | ဝတ္ထုတိုများ အရေးကောင်းသည်။ |
ကိုးကွယ်သည့် ဘာသာ | ဗုဒ္ဓဘာသာ |
ပညာရေး
၁၉၅၇ - ငယ်စဉ်က ကုန်းဇောင်းကျေးရွာ အလယ်တန်းကျောင်းတွင် ပဉ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၂ - ထို့နောက် အင်းစိန်သို့ ပြောင်းရွှေ့လာခဲ့သည်။ အင်းစိန်မြို့-အစိုးရအထက်တန်းကျောင်း အမှတ်(၄)တွင် ဒဿမတန်းအထိ ပညာသင်ကြားခဲ့သည်။
ဝန်ထမ်းဘဝ
၁၉၆၈ - အင်းစိန် ဒညင်းကုန်းအုတ်စက်ရုံအမှတ်(၁)တွင် ဝန်ထမ်းအဖြစ် အမှူထမ်းခဲ့သည်။ ပညာသည်(ထုတ်လုပ်ရေး)အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။
စာပေဆုများ
- ၁၉၈၅ - စာပေဗိမာန်စာမူဆု ဝတ္ထုတိုပေါင်းချုပ်(တတိယ)ဆု - ဗျိုင်းမည်းနှင့်အခြားဝတ္ထုတိုများ
- ၁၉၉၂ - အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) - ဆယ့်နှစ်ကြိုးဝတ္ထုတိုများ (အားမာန်သစ်စာပေ)
- ၂၀၀၇ - အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) - အိမ်ကလေး ၁၆ လုံး (ပုဂံစာအုပ်တိုက်)
- ၂၀၁၀ - အမျိုးသားစာပေဆု (ဘာသာပြန် (ရသ)) - ရေကန်သာ ကြာတိုင်းအေး (ပုဂံစာအုပ်တိုက်)
ရေးသားပြီးသော စာအုပ်အချို့
- လှသောဘဝကို ထုဆစ်သူများ (အောင်မောင်း) (၁၉၉၈)
- ပလ္လင်အငြိမ့် ကုတင်အငြိမ့် (၂၀၀၀)
- မြို့ပြပိုးမွှားများ (၂၀၀၂)
- အိုင်ဒီယာအက်ဆေးများ (၂၀၀၄)
- ပါရီနွေဦး (၂၀၀၀)
- ရသအတွေး ရသအက်ဆေး (ဘာသာပြန်) (၂၀၀၄)
- တောင်တန်းများကိုပင် ပေါ့ပါးစေသည့်ကောင်းကင် (သမီးသို့ ပေးစာများ) (၂၀၀၆)
- ဆရာနှင့် အခြားဘာသာပြန် ဝတ္ထုတိုများ (၂၀၀၆)
- အိမ်ကလေး ၁၆ လုံး (၂၀၀၇)
- ခရီးနိုင်ငံရေး
- လင်မျှော်တိမ်
- ချစ်သူနှင့်ခရီးသွားခြင်း
- ချင်းတွင်း မဲဇာ ကတ္တီပါအစိမ်း
- မန်းဘခိုင်နှင့် ဖဆပလ
- ပလ္လင်အငြိမ့် ခုတင်အငြိမ့် စင်အငြိမ့်
- မာလီ
- ကုမ်ရာသီ အက်ဆေးများ
- တောအလှူနှင့် လူမှုစီးပွား ရသအက်ဆေးများ
- ဟန်ဆောင်သူနှင့် အခြားပုံပြင်များ
- သွားတစ်ထောင် တောကောင်ကြီးနှင့် အခြားအိပ်ရာဝင်ပုံပြင်များ
- အေးအေးလူလူအတွေးများ
- ၁၈ ယူဇနာ မဂ္ဂဇင်းဝတ္ထုရှည်များ
- ဂနိုင့်ကျက်သရေ စာပေဆောင်းပါးများ
- ဆူး၏သရဖူ
- ဆုံးမကွပ်ကောင်း မကွပ်ကောင်းဟု
- အုပ်စုဖွဲ့ကြိုးကြာသံများ
- ရေသွန်မြစ် ဝတ္ထုတိုများ
- ခရာနှင့် အခြားဝတ္ထုတိုများ
- တောကျီးကန်း ဝတ္ထုတိုများ
- သစ်သီးတောင့်လှေကလေးနှင့် အခြားဝတ္ထုတိုများ
- ကြက်တူရွေးဝတ္ထုတို ၅ ပုဒ်
- လက်ရွေးစင် ဝတ္ထုတိုများ (၂၀၀၀)
- ပုစင်းရင်ကွဲ ဝတ္ထုတိုများ (၂၀၀၀)
- ဗျိုင်းမည်းနှင့် အခြားဝတ္ထုတိုများ (၁၉၈၇)
- ဆယ့်နှစ်ကြိုးဝတ္ထုတိုများ (၁၉၉၂)
- ကြည်းတော၌မိုးခေါ်ခြင်း (ဂျူး၊ နေဝင်းမြင့်)
ကိုးကား
- စာပေဗိမာန်စာမူဆုရစာရင်း
- အမျိုးသားစာပေဆုရစာအုပ်စာရင်း
- ရွှေရည်မြတ်မွန် (၂၀၁၈)။ နေဝင်းမြင့်၏ ဝတ္ထုတိုများမှ စကားအသုံးအနှုန်းဟန် J. Myanmar. Acad. Arts Sci Vol. XVI No. 6B, Myanmar Academy of Arts and Science, p. 415-435.