ပင်စင်ဦးစီးဌာန

ပင်စင်ဦးစီးဌာန (အင်္ဂလိပ်: Pension Department) သည် မြန်မာနိုင်ငံ၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်မှ လုပ်ငန်းအဖွဲ့တစ်ခုဖြစ်သည်။ ၂၀၁၆ တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် ပြန်လည်ပူးပေါင်းခဲ့ပြီး လုပ်ငန်းအဖွဲ့ (၁၈) ခုကို ဖွဲ့စည်းခဲ့ရာ ပင်စင်ဦးစီးဌာနသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။[1]

နိုင်ငံ့ဝန်ထမ်းများ နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းမှ အငြိမ်းစားယူကြသောအခါ အကျိုးခံစားခွင့်များအရ “ပင်စင်လစာနှင့်လုပ်သက်ဆုငွေ” တို့ကို နိုင်ငံတော်မှ ချီးမြှင့်ရန်အတွက်ဖြစ်ပြီး ချီးမြှင့်ရာတွင် အငြိမ်းစားအကျိုးခံစားခွင့်များကို ပင်စင်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ကြသည်။ အဆိုပါဌာန၏ ရည်မှန်းချက်သည် ရေရှည်တွင်တည်တံ့ခိုင်မြဲသည့် အမျိုးသားပင်စင်စနစ် (National Pension System) ပေါ်ပေါက်ကျင့်သုံးနိုင်စေရန်ဖြစ်သည်ဟူ၍ ၎င်းဝက်ဘ်ဆိုဒ်၌ ဖော်ပြပါရှိသည်။

ပင်စင်ဦးစီးဌာန၏ တာဝန်များ

ဤဌာနတွင် လုပ်ငန်းလုပ်ဆောင်ရာ၌ တာဝန်များစွာကို ထမ်းဆောင်ကြ၏။ ဥပမာ အမျိုးသားပင်စင်စနစ် ပေါ်ပေါက်စေရန် ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပင်စင်ဆိုင်ရာမူဝါဒများအား ပြန်လည်သုံးသပ်ခြင်း၊ ပင်စင်ဆိုင်ရာ စာရင်းမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်း၊ စာရွက်စာတမ်းကို အခြေခံသည့် စနစ်မှ ICT ကို အခြေခံ၍ တွက်ချက်ခွင့်ပြုသည့်စနစ်သို့ ပြောင်းလဲခြင်းတို့ကဲ့သောရတာဝန်များအပြင် အခြားတာဝန်များစွာလည်း ပါဝင်သည်။[2]

ကိုးကား

ပြင်ပလင်ခ်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.