ပညာ
ပညာ ပါရမီ= ဉာဏ်ပညာတိုးပွါး ရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ပညာဟုခေါ်သည်။ အဆိုပါ ပညာသည် (၁) ဝိပဿနာပညာ၊ (၂) မဂ်ဖိုလ်ပညာဟု နှစ်ပါးရှိ၏။ ရုပ်နာမ်နှစ်ပါး၏ သဘောအမှန်ကို သိသော ပညာသည် ဝိပဿနာ ပညာဖြစ်၏။
အရိယသစ္စလေးပါးကို သိသော ပညာသည် မဂ်ဖိုလ်ပညာ ဖြစ်၏။ အဆိုပါ ပညာများ ရရှိရန် ပညာအကျင့်ဖြစ်သော ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများ အားထုတ်ရ၏။[1]
ပညာ (၂) မျိုး
၁။ လောကီပညာ-ဝိဇ္ဇာ၊ သိပ္ပံ ပညာ သင်ကြားတတ်မြာက်မှု။
၂။ လောကုတ္တရာပညာ-လောကမှထွက်မြောက်ရန် ကျင့်ရမည်ဖြစ်သော ဝိပဿနာပညာ။
ပညာ (၅) ပါး
၁။ဓမ္မညုတ = အကြောင်းကိုသိခြင်း။
၂။ အတ္ထညုတ = အကျိုးကိုသိခြင်း။
၃။မတ္တညုတ = အတိုင်းအရှည်ကိုသိခြင်း။
၄။ ကာလညူတ = အချိန်အခါကာလကို သိခြင်း။
၅။ ပရိသညုတ = ပရိတ်သတ်သဘောကို သိခြင်း။
ပညာအပြား (၁၄) ပါး
၁။ ကြီးမြတ်လှသော မဟာပညာ၊
၂။ ထူထဲခိုင်ခံ့သော ပုထုပညာ၊
၃။ ပြန့်ပြောသော ဝေပုလ္လပညာ၊
၄။ နက်နဲသော ဂမ္ဘီရပညာ၊
၅။ အောက်ပုဂ္ဂိုလ်တို့ မသိစွမ်းနိုင်သော အသမတ္တပညာ၊
၆။ မြေကြီးအထုနှင့် တူသော ဘူရိပညာ၊
၇။ ပွားများသော ဗာဟုလ္လပညာ၊
၈။ လျင်မြန်သော သီဃပညာ၊
၉။ ပေါ့ပါးသော လဟုပညာ၊
၁၀။ ရွှင်လန်းသော ဟာသပညာ၊
၁၁။ လျင်မြန်စွာ သိစွမ်းနိုင်သော ဇဝနပညာ၊
၁၂။ ထက်မြက်သော တိက္ခပညာ၊
၁၃။ သူတပါးတို့၏ ယုံမှားသင်္ကာကို ဖြေဖျောက်နိုင်သော ပရပ္ပဝါဒ မဒ္ဒနပညာ၊
၁၄။ သူတပါးတို့ မိစ္ဆာအယူကို နှိမ်နင်းနိုင်သော နိဗ္ဗေဓိကပညာ။
ပညာသည် ပါရမီနှင့်လည်းသက်ဆိုင်သည်
ပါရမီ (၁၀) ပါး
၁။ ဒါနပါရမီ - သံသရာမှ လွတ်မြောက်ကြောင်း လှူဒါန်းမှု။
၂။ သီလပါရမီ - သံသရာမှ လွတ်မြောက်ကြောင်း ကိုယ်ကျင့်ဆောက်တည်မှု။
၃။ နိက္ခမပါရမီ - သံသရာမှ လွတ်မြောက်ကြောင်း တောထွက်တရားရှာမှု။
၄။ ပညာပါရမီ - သံသရာမှ လွတ်မြောက်ကြောင်း ဝိပဿနာပညာရှာမှီးမှု။
၅။ ဝီရိယပါရမီ - သံသရာမှ လွတ်မြောက်ကြောင်း လုံ့လစိုက်မှု။
၆။ ခန္တီပါရမီ - သံသရာမှ လွတ်မြောက်ကြောင်း အထူးသည်းခံမှု။
၇။ သစ္စာပါရမီ - သံသရာမှ လွတ်မြောက်ကြောင်း မှန်စွာပြုလုပ်ပြောဆိုမှု။
၈။ အဓိဋ္ဌာနပါရမီ - သံသရာမှ လွတ်မြောက်ကြောင်းဆောက်တည်မှု။
၉။ မေတ္တာပါရမီ - သံသရာမှ လွတ်မြောက်ကြောင်း သတ္တဝါတို့အားမေတ္တာထားမှု။
၁၀။ ဥပေက္ခာပါရမီ - သံသရာမှ လွတ်မြောက်ကြောင်း အကောင်းအဆိုးဟူသမျှကို လျစ်လျူရှုမှု။
(ဗုဒ္ဓဝံသ ပါဠိ)
ပညာရှိသောသူကို ပညာရှိဟုခေါ်သည်
ပညာရှိ (၂) မျိုး
၁။ မိမိ၌ရှိသော အပြစ်ကို အပြစ်ဟု ရှုသောသူ။
၂။ အမှားကို ဝန်ချတောင်းပန်သည်ကို တရားသဘောအရ လက်ခံသူ။
ပညာရှိ ကဝိ (၄) ပါး
၁။ စိန္တာကဝိ - အနုသန္ဓေ ဆက်စပ်၍ ကြံစည်တတ်ခြင်း။
၂။ သုတကဝိ - ကြားကာမျှဖြင့် ကြံသောစကားကို သိခြင်း။
၃။ အတ္တကဝိ - အနက်သဘောကို သိခြင်း။
၄။ ပဋိဘာနကဝိ - တစ်ခုကို မြင်ပါက နောက်တစ်ခုကို လုပ်တတ်ခြင်း။
ပညာရှိတို့ ထင်ရှားမပြရာသည် (၄) ပါး
၁။ အတ္တနာမနောတပဉ္စ - မိမိစိတ်နှလုံးပူပန်ခြင်း။
၂။ ဃရေဒုစ္စရိတာနိစ - အိမ်၌ သားမြေး၊ ကျေးကျွန် မကောင်းသဖြင့် ကျင့်နေခြင်း။
၃။ ဝဉ္စနဉ္စ - သူလှည့်စားခံရခြင်း။
၄။ အဝမာနံ - သူမထီမဲ့မြင် အပြုခံရခြင်းတို့ကို ထင်ရှားမပြရာ။
ပညာ၏ တန်ဖိုး (၃) မျိုး
၁။ ပညာသည် လူခိုးလို့လည်း မရနိုင်။
၂။ ပညာသည် မည်၍ မည်မျှ ဟူ၍ တန်ဖိုးလည်း မဖြတ်နိုင်။
၃။ ပညာသည် ပေး၍လည်း မကုန် သုံး၍လည်း မကုန်နိုင်။
ပညာပွားရာသောအကြောင်းတရား (၈) ပါး
၁။ ( သု ။သုဏေယျ = ကြားနာရာ၏)
၂။ ( စိ ။ စိန္တေယျ = ကြံစည်ရာ၏)
၃။ ( ပု ။ ပုစ္ဆေယျ = မေးမြန်းရာ၏)
၄။ ( ဘာ ။ ဘာသေယျ = ပြေဆိုရာ၏)
၅။ ( ဝိ ။ ဝိစာရေယျ = စူးစမ်းရာ၏)
၆။ ( လိ ။ လိခေယျ = ရေးသားရာ၏)
၇။ ( သိ ။ သိက္ခေယျ = လေ့ကျင့်ရာ၏)
၈။ ( ဓာ ။ ဓာရေယျ = နှုတ်ငုံဆောင်ရာ၏)
ပညာရကြောင်း (၈) ပါး
၁။ အရွယ်ကောင်းခြင်း။
၂။ အခြံအရံကောင်းခြင်း။
၃။ မေးမြန်းခြင်း။
၄။ အမြဲနေခြင်း။
၅။ အသင့်နှလုံးသွင်းခြင်း။
၆။ စကားဆွေးနွေခြင်း။
၇။ ချစ်သောသူကိုမှီဝဲခြင်း။
၈။ သင့်တင့်သောအရပ်၌ဖြစ်ခြင်း။
ပညာပွားကြောင်းတရား (၈) ပါး
၁။ အသက်အရွယ်ကြီးရင့်ခြင်း။
၂။ မေးမြန်းခြင်း။
၃။ အကြားအမြင်များခြင်း။
၄။ အခြံအရံများခြင်း။
၅။ ကောင်းသောနှလုံးရှိခြင်း။
၆။ နှိုင်းယှဉ်ခြင်း။
၇။ ချစ်သောသူတို့နှင့်ပေါင်းဖက်နေရခြင်း။
၈။ တင့်အပ်သောအရပ်၌နေရခြင်း။
ပညာရှိ စွန့်ပယ်ရာသောသူ (၁၁) ဦး
၁။ လောဘံ - အလိုကြီးသောသူ၊
၂။ ကောဓံ - အမျက်ကြီးသောသူ၊
၃။ မဒံ - မာန်ယစ်သောသူ၊
၄။ မာနံ - ထောင်လွှားသောသူ၊
၅။ တိန္ဒံ - ပျင်းသောသူ၊
၆။ ဣဿံ - သူတပါး၏ စည်းစိမ်ကို ငြူစူတတ်သူ၊
၇။ ပမာဒံ - ကုသိုလ်ကောင်းမှု၌ မေ့လျော့သောသူ၊
၈။ သောဏ္ဍံ - သေအရက် အသောက်ကြူးသောသူ၊
၉။ နိဒ္ဒါလုကံ - အအိပ်ကြူးသောသူ၊
၁၀။ မက္ခံ - ကျေးဇူးချေတတ်သောသူ။
၁၁။ မစ္ဆေရဉ္စ - ဝန်တိုသောသူ။
ပုဂ္ဂိုလ် တွင်လည်းကြည့်ပါ
ကိုးကား
- ချမ်းမြေ့ဆရာတော် (၁၉၉၂ ခုနှစ်၊ ဧပြီလ)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ၅၅ (က)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)